ကလေးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ ဦးဒဏ်ရာရ

ကလေးမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်တောင်ပိုင်းရှိ အင်းကျော်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဇူလိုင် ၉ ရက်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် အသက် ၈၅ နှစ်အရွယ် အဘွားအိုတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကလေးမြိုနယ် လူသားစာနာအဖွဲ့ဆီက သိရပါတယ်။

ကလေး ဒကစ ကစစ်သားတွေဟာ မနက် ၁၀ နာရီခန့်မှာ အင်ကျော်ရွာအတွင်း ဒရုန်း ၁ စင်းနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့ရာမှာ အသက် ၈၅ နှစ်အရွယ် အဘွားအို ၁ ဦးကို ထိမှန်ခဲ့ပြီး ခြေထောက်နဲ့လက်တွေမှာ ဒဏ်ရာရခဲ့ တယ်လို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အိမ်မှာနေတဲ့အဘွားတဦး ခြေနဲ့လက်တွေမှာ ဒဏ်ရာရခဲ့တယ်။ ဆေးကုသပေးနေပါတယ်" လို့ မြို့နယ်လူသားစာနာအဖွဲ့ တာဝန်ခံ ကိုယက္ခ က ပြောပါတယ်။

ဗုံးစထိမှန်တဲ့ အဘွားအိုကို ကလေးမြို့နယ် ပကဖ ရဲဘော်တွေက ဘေးလွတ်ရာကို ကူညီကယ်ဆယ်ခဲ့ပြီး ဆေးဝါးကုသမှု ခံယူနေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်ကလည်း ကလေးနယ် မြို့ကြီးကုန်းရွာကို စစ်တပ်ဘက်မှ ဒရုန်းနဲ့ ဗုံး ၃ လုံးချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးနဲ့အမျိုးသမီး ၂ ဦး တို့မှာ ခြေထောက်၊ ကျောပြင်၊ ဝမ်းဗိုက် နေရာတွေမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ကလေးနယ်မှာ စစ်တပ်ဘက်မှ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရပြည်သူ ၄ ဦးရှိပြီး လူသားစာနာအဖွဲ့တာဝန်ခံက ပြည်သူ ၁ ဦးကို ၅၀,၀၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်း ၂ သိန်းကျပ်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဒဏ်ရာရသူ အဘွားအိုကို ကယ်ထုတ်ပြီး ဆေးဝါကုသပေးနေစဥ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #စစ်ကောင်စီ #ဒရုန်းနဲ့တိုက်ခိုက် #ဒဏ်ရာရ #ပြည်သူ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10