ကလေးဝမှ ဒု-ရဲအုပ် ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF-KKG တပ်ဖွဲ့ထံ အလင်းဝင်

ကလေးဝမှ ဒု-ရဲအုပ် ၁ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF-KKG တပ်ဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်မှ ဒုရဲအုပ် တဦး ဧပြီ ၁၅ ရက်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့ တယ်လို့ Chinland Defense Force - Kalay Kabaw Gangaw တပ်ဖွဲ့ဆီက သိရပါတယ်

အလင်းဝင်လာသူက BA 94 လက်နက် ၁ လက်၊ ကျည်ဘောက် ၂ ဘောက်၊ ကျည်ဆန် အတောင့် ၂၀၀ ၊ ခြောက်လုံးပြူး ၁ လက်၊ ကျည် ၁၂ တောင့်နဲ့အတူ CDF - KKG ထံ အလင်းဝင်လာတာလို့ ဆိုပါတယ်။

 "အလင်းဝင်လာတာ ရဲအရာရှိ တဦးပါ။ လက်နက်ခဲယမ်းတွေ ပါလာတယ်။ တပ်ရင်းက ငွေသိန်း ၅၀ ပေးခဲ့ပါတယ်" လို့ CDF-KKG သတင်းတာဝန်ခံက ပြောပါတယ်။


 

အလင်းဝင်လာခဲ့သူကို  ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ဆု ချီးမြှင့်ခဲ့ပြီး သူ့ရဲ့ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ 

စစ်ကောင်စီအာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း CDF-KKG တပ်ဖွဲ့ထံ ပျူစောထီး ၁ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ စုစုပေါင်း ၆ ဦး အလင်းဝင်လာတယ်လို့ သိရပါတယ်။

 

 

ပုံစာ-လက်နက်ခဲယမ်းနဲ့အလင်းဝင်လာသူကို ဆုငွေချီးမြှင့်နေစဥ်

 

စာတည်း-လင်းဇေ

 

#မြေလတ်အသံ

 

#စစ်ကိုင်း #ကလေးဝ #စစ်ကောင်စီ #ရဲတပ်ဖွဲ့ဝင် #လက်နက်ခဲယမ်း #အလင်းဝင် #ဆုငွေချီးမြှင့် #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10