ကလေး၊ မြိုင်နဲ့ ပေါက်က  အာဏာသိမ်း ၃ နှစ်ပြည့် လှုပ်ရှားမှုများ

ကလေး၊ မြိုင်နဲ့ ပေါက်က အာဏာသိမ်း ၃ နှစ်ပြည့် လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ခံ ပညာရေးဝန်ထမ်းနဲ့ ကျောင်းတွေ သပိတ်ကော်မတီတွေက ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ မနက်ပိုင်း အသံတိတ်သပိတ်မစခင်မှာ သပိတ်လှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ Basic Education General Strike Committee-BEGSC သိရပါတယ်။

ကလေးမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီတွေနဲ့ ဒေသခံပြည်သူလူထုပူးပေါင်းကာ သပိတ်အသီးသီးကို ပြုလုပ်ခဲ့ကြတာပါ။

 

"အဆုံးသတ်အောင်ပွဲဆီ တွဲလက်ညီညီနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ"

 

"ငြိမ်းချမ်းသော စာသင်ခန်းတွေဖြစ်ဖို့ အားလုံးပြိုင်တူရုန်းကြစို့"

"ပညာဖြင့်တော်လှန် CDM ပါဝင်ထမ်းရွက်အနာဂတ်အတွက်" စတဲ့ စာသားပါ

ဘန်နာများကိုင်ဆောင်ကြွေးကြော်ပြီး စစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်တိုက်ပွဲ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အလားတူ မြိုင်မြို့နဲ့ ၃မိုင်အကွာက ကျေးရွာတရွာမှာလည်း အာဏာသိမ်းထားတာကို မကျေနပ်လို့ဆိုကာ ၃နှစ်ပြည့်တဲ့ ဒီနေ့မနက်မှာ အဖြူရောင်သပိတ်ပြုလုပ်ခဲ့ကြပါသေးတယ်။

 

 အဲ့ဒီသပိတ်ကို ဒီနေ့မနက် ၈နာရီလောက်ကစပြီး ၉နာရီခွဲလောက်အထိ CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်နဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

 

" စစ်ကောင်စီအာဏာသိမ်းထားတာကို ပြည်သူလူထုတရပ်လုံးက မကျေနပ်ဘူး ဆိုတာကိုသိစေချင်လို့ ဆန္ဒဖော်ထုတ်ခဲ့တာ။ အဖြူရောင်သပိတ်လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ စစ်ကောင်စီတပ်သားတွေဟာ အလံဖြူထောင်တယ်၊ အများကြီးဖြစ်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေပေါ့နော်" လို့ သပိတ်တာဝန်ခံတဦးက ပြောပါတယ်။

 

ပြည်သူတွေ သပိတ်စစ်ကြောင်းထွက်နေချိန်မှာလည်း လုံခြုံရေးအတွက် ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်များက ဝန်းရံကာကွယ်ပေးခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10