ကဝနယ်ထဲက ခမဲပြင်ဘုရားပွဲလာတဲ့သူတွေကို စစ်ကောင်စီက ငွေကြေးကောက်ခံ

ကဝနယ်ထဲက ခမဲပြင်ဘုရားပွဲလာတဲ့သူတွေကို စစ်ကောင်စီက ငွေကြေးကောက်ခံ

ပဲခူးတိုင်း၊ က၀မြို့နယ်မှာရှိတဲ့ ခမဲပြင်ဘုရားပွဲကို ဝါဆိုလပြည့်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဘုရားပွဲလာရောက်တဲ့ပြည်သူတွေဆီကနေ စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ ပျူစောထီးတွေက ငွေကြေးကောက်ခံတာတွေ ပြုလုပ်ခဲ့ကြတယ်လို ဒေသခံတွေဆီကသိရပါတယ်။

ဇူလိုင် ၂၀ ရက်က အုန်းနှဲရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေပေါင်းပြီး ဘုရားပွဲကိုလာရောက်တဲ့ ဘုရားဖူးဆိုင်ကယ်တစီးကို ၂၀၀၀ ကျပ် ကောက်ခံသလို မော်တော်ယာဉ်နဲ့ စက်လှေတွေကိုလည်း အဝါရောင်အလံတွေထောင်ခိုင်းပြီး အလံ တခုကို ကျပ် ၅၀၀၀ နဲ့ အတင်းအဓမ္မဝယ်ယူခိုင်းတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။ 

“ပဲ့ထောင်၊ မော်တော်တွေကို အလံအဖြူထောင်ခိုင်းပြီး ၅၀၀၀ ကျပ်ပေးရတယ်၊ မပေးရင်ဘုရားပွဲကို လာခွင့်မရဘူး။ " လို့ ကဝမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုကျော်နိုင်က ပြောပါတယ်။

အရင်နှစ်တွေက ခမဲပြင်ဘုရားပွဲကို ကျင်းပရာမှာ ပွဲလာရောက်သူတွေအနေနဲ့ ပိုက်ဆံပေးရတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုကောက်ခံထားတဲ့ပိုက်ဆံတွေကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေက ကိုယ့်ကျိုးအတွက် အသုံးပြုနေကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ 

"အုန်းနှဲရဲစခန်းက ရဲ**နဲ့ ပျူတွေပေါင်းပြီး ပြည်သူအပေါ်အနိုင်ကျင့်တာ။ အစဥ်အဆက် ခုလိုငွေကြေးတောင်းတာဆိုတာ မရှိဘူး” လို့ ကိုကျော်နိုင်က ဆိုပါတယ်။ 

ကဝနယ်က ခမဲပြင်ဘုရားပွဲကို နှစ်စဥ်ဝါဆိုလပြည်နေ့နဲ့ နွေရာသီသင်္ကြန်ရက်တွေမှာကျင်းပပြုလုပ်ကြပြီး ပဲခူးတိုင်းတွင်းနဲ့ အနယ်နယ်အရပ်အရပ်က ဘုရားဖူးပြည်သူလူထု ထောင်သောင်းချီလာရောက်ကြလေ့ရှိတယ်လိုလည်း သိရပါတယ်။

ပုံစာ-ခမဲပြင်ဘုရားပွဲကို စက်လှေတွေနဲ့လာရောက်ကြသူတွေကို တွေ့ရစဉ်။

သတင်း-အောင်ကောင်းလင်း စာတည်း-လင်းဇေ

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10