သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကဝမြို့ပေါ်က လူငယ် ၂ ဦး ဧပြီလ ၂၇ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ၁၀ ရက်အကြာ မေလ ၆ ရက်မနေ့ကအထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ကဝမြို့၊ အမှတ် ၁ ရပ်ကွက်နဲ့ ၃ ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုခန့်ဦးကိုနဲ့ ကိုဖြိုးဝေကျော်တို့ဖြစ်ပြီး၊ သူတို့ ၂ ဦးဟာ ကဝမြို့နယ်၊ မုဒုကျေးရွာကို ရောက်ရှိနေချိန် စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရတာလို့ ဒေသတွင်းသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
“သူတို့က မုဒုရွာကိုရောက်နေတဲ့အချိန် ဖမ်းခံလိုက်ရပြီး စစ်ကြောရေးပို့လိုက်တယ်လို့ဘဲ သိရတယ်။ ဘာကြောင့်ဖမ်းခံရတယ်ဆိုတာရော အခုထိအဆက်အသွယ်ပြတ်နေပြီး ဘာမှမသိရသေးဘူး။ သူတို့ရဲ့မိသားစုဝင်တွေလည်း တခုခုဖြစ်သွားမှာ စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
သူတို့ ၂ ဦးကိုဖမ်းဆီးပြီးနောက် သက္ကလမြို့ရဲစခန်းကို ခေါ်ဆောင်သွားကာ အဲ့ဒီကနေတဆင့် ပဲခူးမြို့၊ တပ်မ ၇၇ စစ်ကြောရေးကို ပို့ဆောင်လိုက်တယ်လို့သာသိရပြီး မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီ ဧပြီလ ၂၇ ရက်နေ့ တရက်တည်းမှာဘဲ ကိုခန့်ဦးကိုနဲ့ ကိုဖြိုးဝေကျော်တို့အပြင် မုဒုကျေးရွာက ဒေသခံအမျိုးသား ၆ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ