ကားလမ်းကမသွားရဲလို့ ယာခင်းထဲဖြတ်သွားတဲ့ စစ်ကြောင်း မိုင်းဆွဲခံရလို့ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ကားလမ်းကမသွားရဲလို့ ယာခင်းထဲဖြတ်သွားတဲ့ စစ်ကြောင်း မိုင်းဆွဲခံရလို့ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လက်နက်ခဲယမ်းသယ်ပို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာခဲ့တယ်လို့ Brave Heart Army -BHA အဖွဲ့ဆီက သိရပါတယ်။

မုံရွာမြို့တောင်ဘက် ၇ မိုင်ခန့်အကွာရှိ စွမ်းရည်ထက်ဆီဆိုင်အနီး တပ်စွဲထားတဲ့ စစ်ကြောင်းဟာ အင်အား ၂၀ ကျော်နဲ့ တောပုရွာကနေ ပြန်လာစဥ် ဇူလိုင် ၆ ရက် ညနေ ၄ နာရီခွဲလောက်က လမ်းခုလတ်တနေရာမှာ ပဒေသာမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Brave Heart Army-BHA တပ်ဖွဲ့တာဝန်ခံက မြေလတ်အသံ ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကားလမ်းက မပြန်ရဲလို့ ယာခင်းထဲက ဖြတ်ပြန်လာရာမှာ အခုလို မိုင်းဆွဲခံလိုက်ရတာ ဖြစ်ပါတယ်။

"စစ်သားတွေ ကားလမ်းပေါ်က မပြန်ရဲကြဘူး။ ယာခင်းထဲကဖြတ်ပြီး စခန်းကိုပြန်အလာမှာ ၅ လုံးတွဲ ပဒေသာမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ နေရာမှာ လဲကျသွားတယ်။ စစ်သား ၂ ယောက်သေတယ်။ ၂ ယောက် ဒဏ်ရာရတယ်" လို့ BHA တာဝန်ခံက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ရာမှာ သေဆုံးဒဏ်ရာရစစ်သားတွေကို ထမ်းပိုးပြီး အထိုင်ချတပ်စွဲထားရာစခန်းကို ပြန်သွားကြတယ်လို့ ဆိုပါတယ်။
 
အခုလို စစ်ကောင်စီတပ်ကို ပဒေသာမိုင်းဆွဲတိုက်ခိုက်ရာမှာ Brave Heart Army အဖွဲ့နဲ့အတူ Special Force-11(PDF)၊ MONYWA DYNAMITE၊ Myaung Revolution Army၊ Peace Takers Tesk Force-PTTF၊ God Of Monywa အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
သတင်း - စောကျော်ငြိမ်း၊ စာတည်း - လင်းဇေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10