ကားလမ်းမိုင်းကို ရှောင်သွားတဲ့စစ်တပ် ပဒေသာမိုင်းဆွဲခံရလို့ ၂ ဦးသေ

ကားလမ်းမိုင်းကို ရှောင်သွားတဲ့စစ်တပ် ပဒေသာမိုင်းဆွဲခံရလို့ ၂ ဦးသေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြိုနယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားလမ်းမမှာ မကြာခဏ မိုင်းဆွဲခံရလို့ လမ်းဘေးလယ်ကွင်းထဲက ဆင်းသွားရာမှာ ပဒေသမိုင်းကွင်းထဲရောက်ပြီး မိုင်းဆွဲခံရလို့  စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ နွားထိုးကြီး PDF တပ်ဖွဲ့ထံက သိရပါတယ်။

မြင်းခြံမြို့နဲ့ နွားထိုးကြီး မြို့နှစ်မြို့ကြားအစပ်နေရာဖြစ်တဲ့ စင်္ကြန်တောင်အနီး ဇူလိုင် ၂၀ ရက် မနက် ၁၁ အချိန်ခန့်မှာ အင်အား ၄၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကားလမ်းမကြီးပေါ်က မသွားဘဲ လမ်းဘေးလယ်ကွင်းထဲက ခြေလျင်စစ်ကြောင်းသွားရာက အခုလို ၈ လုံးတွဲပဒေသာမိုင်းနဲ့ မိုင်းဆွဲ တိုက်ခိုက်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"စစ်တပ်က ခုနောက်ပိုင်း ခြေလျင်လာတာများတယ်။ မိုင်းက ပဒေသာမိုင်းကြိုထောင်ထားတာပါ။ စစ်ကြောင်း ထွက်လာတော့ မိုင်းကွင်းထဲကို  ၂ ယောက်ပဲဝင်လာတာနဲ့ မိုင်းဆွဲချလိုက်တာ" လို့ နွားထိုးကြီး PDF တာဝန်ခံ ဗိုလ်လင်းယုန်က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သေဆုံးသွားတဲ့အလောင်း ၂ လောင်းကို စစ်သားတွေက ပြန်သယ်သွားတာ တွေ့မြင်လိုက်ရပြီး ဒဏ်ရာရသူကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သူကပြောပါတယ်။

နွားထိုးကြီးမြို့နယ် ကားလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်တာများလာတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့တွေက မြို့ပေါ်မှာ ကားထားခဲ့ပြီး ခြေလျင်စစ်ကြောင်းထွက်လာတာများလို့ မိုင်းတွေကြိုထောင်ထားရတာလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်ကလည်း ယုန်ထိုးရွာနဲ့ ပဲကြီးခင်းရွာကြားမှာ ကင်ပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို နွားထိုးကြီး PDF တပ်ဖွဲ့က စနိုက်ပါသေနတ်နဲ့ ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးတိုင်း #မြင်းခြံခရိုင် #နွားထိုးကြီး #စစ်ကောင်စီ #ပဒေသာမိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10