ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ PDF ရဲဘော် ၃ ဦးကို ထောက်ပံ့ငွေချီးမြှင့်

ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခဲ့တဲ့ PDF ရဲဘော် ၃ ဦးကို ထောက်ပံ့ငွေချီးမြှင့်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၆ တပ်ရင်း Laung She Regional People's Defence Force မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါတွေ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေကို ဇွန် ၂၇ ရက် ဒီနေ့မှာ ထောက်ပံ့ငွေချီးမြှင့်ပေးခဲ့တယ်လို့ အဲ့ဒီတပ်ရင်းဆီက သိရပါတယ်။

ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးခဲ့တဲ့ ရဲဘော် ၃ ဦးကို ကမ်ပိန်းရငွေနဲ့ ဒေသခံပြည်သူတွေက ချီးမြှင့်ငွေ ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။ 

"တိုက်ပွဲမှာ ကျည်ဆန်နဲ့ယမ်းငွေ့ကြောင့် မျက်လုံးနဲ့ခြေထောက်တွေ ထိခိုက်ခဲ့တာပါ။ ကမ်ပိန်းကရတဲ့ငွေနဲ့ ထောက်ပံ့တယ်။ ပြည်သူတွေကလည်း အလှူငွေပေးခဲ့ပါတယ်" လို့ တပ်ရင်းတာဝန်ခံ ဗိုလ်မာဃ ကပြောပါတယ်။

ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့တဲ့ရဲဘော် ကျော်နိုင်ထွန်း၊ ညာဘက်ခြေထောက် ကျည်ဖောက်ဝင် ဒဏ်ရာရတဲ့ ရဲဘော်တဦးနဲ့ မျက်လုံးနှစ်လက်စလုံးထိခိုက်ပြီး တိမ်စွဲနေတဲ့ ရဲဘော်တို့ကို ထောက်ပံ့ ပေးခဲ့တာလို့ သူကဆက်ပြောပါတယ်။

အဲ့ဒီရဲဘော် ၁ ဦးစီအတွက် ငွေ ၁၅ သိန်းကျပ်နှုန်းနဲ့ ၃ ဦးစလုံးအတွက် ၄၅ သိန်းကျပ်ကို တော်လှန်နှုတ်ခမ်းနီ ပန်းချီကားကမ်ပိန်းမှရရှိငွေနဲ့ ထောက်ပံ့ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။ 

ဒါ့အပြင် ရဲဘော် ကျော်နိုင်ထွန်းအတွက် ဆေးကုသစရိတ်အဖြစ် ၁၉ သိန်းကျော် (၁၉၂၂၉၀၀) ကျပ်ကို  လောင်းရှည်တိုက်နယ်ကျေးရွာနေ ဒေသခံပြည်သူတွေက သီးခြားထပ်မံထောက်ပံ့ပေးခဲ့သေးတယ်လို့လည်း သိရပါတယ်။ 

ပုံစာ - ရဲဘော်များကို ထောက်ပံ့ငွေ ချီးမြှင့်နေစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #PDF #ကိုယ်လက်အဂါဆုံးရှုံး #ထောက်ပံ့ငွေချီးမြှင့် #ဆေးကုသစားရိတ်ကူညီ #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10