ကုန်ကျစားရိတ် သက်သာတဲ့ AK 47 သေနတ်ကို မုံရွာ PDF က ထုတ်လုပ်နိုင်ခဲ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင်တပ်ရင်း ၃ က PDF ရဲဘော်တွေကိုယ်တိုင် ထုတ်ထားတဲ့ လက်လုပ် AK 47 သေနတ်ကို အထိအခိုက်မရှိ အောင်အောင်မြင်မြင် စမ်းသပ်ထုတ်နိုင်ခဲ့ပြီး လက်ရှိ တိုက်ပွဲတွေမှာလည်း အသုံးပြုနေကြပါပြီ။ 

သေနတ်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်နေခဲ့တာဟာ ၂နှစ်ဝန်းကျင်ကြာအောင်အချိန်ယူခဲ့ရပြီး  ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်က ထုတ်လုပ်နိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၃ တပ်ရင်း ဆက်သွယ်ရေးတာဝန်ခံနဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မုံရွာခရိုင်တပ်ရင်း ၃ ဟာ စစ်ကောင်စီနဲ့တိုက်ပွဲပေါင်း ၃၂ ပွဲ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ၈ ပွဲအပြင် စစ်ကောင်စီစခန်းတွေကို ဝင်ရောက်စီနင်းတိုက်ခိုက်တာ ၃ ပွဲရှိခဲ့ပြီလို့ ဆိုပါတယ်။ တော်လှန်ရေးကာလ ၃ နှစ်ဝန်းကျင်အတွင်းမှာ တပ်ဖွဲ့က ရဲဘော် ၂ ဦးကျဆုံးထားပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တပ်ဖွဲ့က စမ်းသပ်ထုတ်လုပ်တဲ့ AK 47ကို စုစုပေါင်း ၆ လက်အထိ ထုတ်လုပ်ထားပြီး ၄ လက် အောင်မြင်ထားသလို ၂ လက်ကတော့ စမ်းသပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#သတင်း #ရုပ်သံသတင်း #AK47 #သေနတ် #ထုတ်လုပ် #အောင်မြင် #မုံရွာPDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10