ကူတော်တိုက်ပွဲမှ အောင်ပွဲပြန်ရဲဘော်တွေကို ဂုဏ်ပြုငွေချီးမြှင့် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ စစ်ကောင်စီအထိုင်စခန်းကို ရိက္ခာသွားပို့ပြီး ပြန်လာတဲ့ စစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက်က တိုက်ခိုက်ပြီးပြန်လာတဲ့ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ အောက်တိုဘာ ၂ ရက်မှာ ဂုဏ်ပြုငွေ ၁ သိန်းဆီ ချီးမြှင့်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၃၅ ဆီကသိရပါတယ်။

အဲ့ဒီ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၃၀ နေ့လယ် ၁၂ နာရီကျော်မှာ ဗျူဟာ ၄၇ က တော်လှန်ရေးရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲမှာ သေဆုံးစစ်သား ၃၁ ဦးနဲ့ စစ်သုံ့ပန်း ၄၂ ဦးဖမ်းမိပြီး လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရရှိခဲ့တာပါ။ 

“မုန့်ဖိုးပေးတာတော့ ၁ သိန်းစီပေးတာပါ။ ရဲဘော်တွေမှာလည်း ဖုန်းဘေ၊ အဝတ်စား၊ တကိုယ်ရည်စာသုံး လိုအပ်ချက်တွေရှိတယ်လေ။ အဲဒါတွေကို တတ်နိုင်သလောက်လေး ဖြည့်ဆည်းပေးတာဖြစ်သလို ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်တဲ့ သဘောလည်းပါပါတယ်" လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ ရဲ့ တပ်ထောက်ဗိုလ်ကြီးသန့်ဇင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗျူဟာ ၄၇ အနေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၇၊ ၃၃၊ ၃၄၊ ၃၅၊ ၃၆ တို့က တပ်ရင်း ၅ ရင်း စုပေါင်းဖွဲ့စည်းကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဘုတလင် #ကူတော်တိုက်ပွဲ #အောင်ပွဲပြန် #ရဲဘော် #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10