ကူတော်ရွာကစစ်ကြောင်းကိုတိုက်ခိုက်ပြီး ပြန်လာတဲ့ PDF တွေကို ဒေသခံတွေကြိုဆို

ကူတော်ရွာကစစ်ကြောင်းကိုတိုက်ခိုက်ပြီး ပြန်လာတဲ့ PDF တွေကို ဒေသခံတွေကြိုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာသိမ်းတိုက်ပွဲကပြန်လာတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ဘုတလင်၊ ကနီနဲ့ ယင်းမာပင်မြို့နယ်ထဲက ဒေသခံတွေဟာ ဂုဏ်ပြုကြိုဆိုခဲ့ကြပါတယ်။ 

တိုက်ပွဲကပြန်လာကြတဲ့ ကာကွယ်ရေးရဲဘော်တွေကို အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်မှာ သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ဒေသခံတွေက ကြိုဆိုခဲ့ကြတာလို့ Union Liberation Front - ULF V02 စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။ 

ဘုတလင်မြို့နယ်၊ ကူတော်ရွာစစ်အုပ်စုစခန်းက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို စက်တင်ဘာ ၃၀ ရက်မှာ ဒေသခံမဟာမိတ်တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်က သေဆုံး ၃၁ လောင်း၊ လက်နက်ချအညံ့ခံသူတွေအပါ စစ်သုံ့ပန်း ၄၃ ဦးဖမ်းမိကာ လက်နက် ၅၀ နီးပါးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #ဘုတလင် #ကူတော်ရွာ #စစ်ကြောင်း #တိုက်ခိုက် #ကြိုဆို #ဒေသခံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10