ကောလင်းက သက်တော်နဲ့ဝါတော်အကြီးဆုံး ကျောင်းထိုင်ဆရာတော်တပါး စစ်ရှောင်ရင်းပျံလွန်

ကောလင်းက သက်တော်နဲ့ဝါတော်အကြီးဆုံး ကျောင်းထိုင်ဆရာတော်တပါး စစ်ရှောင်ရင်းပျံလွန်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က ကျောင်းထိုင်ဆရာတော်တပါး စစ်ရှောင်ရင်း ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီလောက်မှာ ပျံလွန်တော်မူခဲ့တယ်လို့ Kawlin Revolution – KR ကထုတ်ပြန် ထားပါတယ်။

ကောလင်းမြို့၊ လေသာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် သက်တော် ၉၈ နှစ် ဝါတော် ၇၈ ဝါရှိ ဦးစန္ဒိဝံသဟာ ဖေဖော်ဝါရီ ၁ ရက်က စတင် စစ်ရှောင်ခဲ့ရတာဖြစ်ပြီး စစ်ရှောင်နေစဉ် အတွင်းမှာပဲ ၉၆ ပါးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာလို့ ဆိုပါတယ်။ 

“ဆရာတော်က ကောလင်းမြို့နယ်ရဲ့ သက်တော်နဲ့ ဝါတော်အကြီးဆုံးပါ။ အခုချိန်ထိတော့ မသင်္ဂြိုဟ်ရသေးဘူး။ ၅ ရက်ထားပြီးမှ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်” လို့ Kawlin Revolution - KR တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ကောလင်းမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်မှာ သိမ်းဆည်းထိန်းချုပ်နိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ပထမပတ်အတွင်းကစပြီး စစ်ကောင်စီဘက်က အင်အားသုံးပြီး ပြန်လည်တိုက်ခိုက်ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်မှာ စစ်ကောင်စီဘက်က မြို့ကို ပြန်လည်ထိန်းချုပ်ထားခဲ့တာပါ။

လက်ရှိအချိန်ထိ ကောလင်းမြို့ပေါ်ရှိ ရပ်ကွပ် ၈ ရပ်ကွက်က ပြည်သူတွေနဲ့ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၂၄ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #လေသာကုန်းကျောင်း #ကျောင်းထိုင်ဆရာတော် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10