ကံမက တိုက်နယ်ရဲစခန်း ဗုံးကြဲခံရ

ကံမက တိုက်နယ်ရဲစခန်း ဗုံးကြဲခံရ

 

မကွေးတိုင်း၊ ကံမမြို့နယ်ထဲက တိုက်နယ်ရဲစခန်းတခုကို ဇန်နဝါရီလ ၂၂ ရက်မနေ့ညနေပိုင်းမှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သရက်ခရိုင်တပ်ရင်း- ၄ (Eagle Force) အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကံမမြို့နယ်၊ သရက်-ကံမလမ်းပေါ်က ရေနံ့သာတိုက်နယ်ရဲစခန်းမှာ မနေ့ညနေ ၄ နာရီဝန်းကျင်က ရဲတွေခြင်းခတ်နေချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ခြင်းခတ်နေတဲ့ ရဲတွေကို ချတာပါ။ ရဲတွေက ဒရုန်းကို မြင်တော့ ပြေးတယ်။ ပြေးတဲ့နေရာကိုလိုက်ပြီး ဗုံးသီးတလုံး မှန်းချခဲ့တာပါ။ တိုက်ခိုက်ပြီးချိန် လူနာတယောက်ကိုတွဲပြီး ဆေးရုံနောက်ပေါက်ကနေ ပို့တယ်လို့ ကြားပါတယ်။ ဆေးရုံးက စခန်းဘေးကပ်လျှက်ပါ" လို့ Eagle Force အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရဲတွေဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးလို့လည်း ဆိုပါတယ်။ 

အဲဒီရဲစခန်းအတွင်းမှာ ရဲအင်အား ၁၅ ဦးခန့်ရှိပြီး၊ အခုဒရုန်းမစ်ရှင်ဟာ Eagle Force အဖွဲ့ရဲ့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

Eagle Force အဖွဲ့အနေနဲ့ သူတို့စစ်ရေးနယ်အတွင်းက စစ်ကောင်စီတပ်တွေကို အခွင့်အရေးရရင် ရသလို တိုက်ခိုက်နေတာဖြစ်ပြီး၊ ဇန်နဝါရီလ ၁၅ ရက်ကလည်း ကံမမြို့မြောက်ဘက် မြို့အဝင်ရှိ စစ်သားနဲ့ရဲအင်အား ၁၀ ဦးလောက်ရှိတဲ့ စစ်ကောင်စီဂိတ်ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10