ကျဆုံးရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ်ပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်ထဲမှာ တိုက်ခိုက်ရေးပြုလုပ်နေချိန် ပြည်သူ့ကာကွယ်ရေးရဲဘော်တဦး ကျဆုံးခဲ့တာကြောင့် ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဝက်လက်မြို့နယ်၊ ယင်းမတောရွာပကဖ မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့ဆီ ကသိရပါတယ်။

ဧရာဝတီမြစ်အတွင်း ဆန်တက်လာတဲ့သင်္ဘောတစင်းကို နိုဝင်ဘာ ၁၅ ရက်မနေ့ညနေ ၄ နာရီက တကောင်းတိုက်နယ်တနေရာကနေ လက်နက်ကြီးနဲ့ ပစ်နေချိန် စစ်အုပ်စုဘက်က ပြန်လည်ပစ်ခတ်တဲ့ ကျည်ထိမှန်ပြီး နေအိမ်အရောက်မှာ သေဆုံးခဲ့တာလို့ မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ကိုဒိုးလေးက ပြောပါတယ်။

သေဆုံးသူဟာ တကောင်းတိုက်နယ်အခြေစိုက် အညာမြေ၊ မြင်းဖြူရှင်ပြောက်ကျားတပ်ခွဲ (တော်လှန်ငမန်း) တပ်ဖွဲ့ဝင် ရဲဘော်တိုက်မောင်း အသက် ၂၂ နှစ်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ ရဲဘော်တိုက်မောင်းကို တကောင်းတိုက်နယ်တနေရာမှာပဲ နိုဝင်ဘာ ၁၇ ရက်က ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အညာမြေမြင်းဖြူရှင်ပြောက်ကျားတပ်ခွဲ( တော်လှန်ငမန်း)ဟာ မြင်းဖြူရှင်ပြောက်ကျားတပ်ဖွဲ့ရဲ့ တကောင်းတိုက်နယ် အခြေစိုက်တပ်ခွဲတခုလည်း ဖြစ်ပါတယ်။ 

ဧရာဝတီမြစ်အတွင်းမှာ နေ့စဉ်ဆိုသလို  စစ်ကောင်စီတပ်ရဲ့ သင်္ဘောမျိုးစုံသွားလာနေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း မကြာခဏဆိုသလို တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မန္တလေး #သပိတ်ကျင်း #ပကဖ #တိုက်ပွဲကျ #ရဲဘော် #မြေလတ်သတင်း #ရုပ်သံ #သင်္ဂြိုဟ် #စစ်ကောင်စီ #ဧရာဝတီမြစ် #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10