ကျဆုံးရဲဘော်ကို စစ်ရေးအခြေနေကြောင့် ၁၄ ရက်ကြာမှ အမိန့်ပြန်ရ (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာအခြေစိုက်တဲ့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ - Hero ပြောက်ကျားတပ်ဖွဲ့က ကျဆုံးရဲဘော်ကို စစ်ရေးအခြေနေကြောင့် ၁၄ ရက်ကြာ ဇွန် ၂၅ ရက်ရောက်မှသာ အမိန့်ပြန်ခဲ့ရတယ်လို့ တပ်ခွဲမှူးဗိုလ်မိုးကြိုးက ပြောပါတယ်။

ကျဆုံး ရဲဘော်အောင်နိုင်ဟာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဇွန် ၁၂ ရက်ကနေ ၁၅ ရက်ထိ ၄ ရက်ကြာတိုက်ပွဲမှာ ပထမဆုံးနေ့မှာ ဦးခေါင်းကို လက်နက်ကြီးကျည်ထိမှန်ကာ ကျဆုံးခဲ့ပြီး ဇွန် ၁၃ ရက် မနက်က အမိန့်မပြန်ဘဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ရတာလို့  ဆိုပါတယ်။

‌‌‌ရဲဘော်အောင်နိုင်ဟာ ဇွန် ၉ ရက်က စစ်တပ်နဲ့ ပေါင်းသွားတဲ့ အုတ်ဖိုမြို့နယ် အခြေစိုက် YOMA GBK PDF တပ်စိတ်မှူး ဆလိုင်း (ခ) လိုင်းယွန်း ဦးဆောင်တဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ချိန်မှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။ Hero ပြောက်ကျားတပ်ဖွဲ့ဝင်အဖြစ် ၅ လကြာ ဝာာဝန်ထမ်းခဲ့တဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ အုတ်ဖိုမြို့နယ် ဝိုင်းရဲကင်းစခန်းမှာ အင်အား ၁၀၀ ကျော်နဲ့ ရှိနေပြီး ရိက္ခာနဲ့ စစ်သားအင်အားဖြည့်တင်းနေတယ်လို့  သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကြို့ပင်ကောက် #ကျဆုံးရဲဘော် #အမိန့်ပြန် #PDF #မြေလတ်သတင်း #မြေလတ်ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10