ကျဆုံးရဲဘော်တွေအတွက် နှစ်နှစ်ပြည့် ဂုဏ်ပြုအထိမ်းအမှတ်ကျင်းပ (ရုပ်/သံ)

 

မကွေးတိုင်း အရှေ့ခြမ်းမှာ အခြေစိုက်တဲ့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၁၄ ဦးအတွက် ဂုဏ်ပြုသတိရ အထိမ်းအမှတ်ပွဲကို ကရင်နီနယ်မြေတနေရာမှာ ဩဂုတ် ၉ ရက်က ကျင်းပခဲ့တယ်လို့  ဦးဆောင်ကျင်းပပေးခဲ့တဲ့ တပ်ရင်း ၇ ကြိုးကြာနီတပ်ရင်းက တပ်ရင်းမှူး ဗိုလ် ကျီးဇိုး (ခ) ဇိုးကြီး ကပြောပါတယ်။

ကျဆုံးရဲဘော်တွေဟာ မကွေးတိုင်းထဲက ဆိပ်ဖြူ၊ နတ်မောက်၊ မြို့သစ်၊ တောင်တွင်းနဲ့ အောင်လံမြို့နယ် စတဲ့ မြို့နယ်အတွင်း နေ့ရက်အသီးသီးမှာ ကျဆုံးတာဖြစ်ပြီး အဲဒီအထဲက  ရဲဘော် ၇ ဦးကျဆုံးခဲ့တဲ့  ၂၀၂၂ ခုနှစ် ဩဂုတ် ၉ ရက်ကို အထိမ်းအမှတ်နေ့ သတ်မှတ်ကာ ကျင်းပတာလို့ ပြောပါတယ်။

အခမ်းအနားမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ  ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျဆုံးသူတွေ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေကို အလေးပြုပြီး တက်ရောက်လာသူတွေက အမှတ်တရစကားနဲ့ အားပေးစကားတွေပြောကြားသလို ကဗျာရွတ်ဖတ်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအခမ်းအနားကို နေပြည်တော်တိုင်း ပကဖတွေ၊ ရှမ်းတောင်အထူးတပ်ဖွဲ့တွေ ကရင်နီနယ်ထဲက တော်လှန်‌ရေးတပ်ပေါင်းစုတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အခြားတော်လှန်‌ရေးတပ်ဖွဲ့တွေအပြင် ဗိုလ်ကြီးဟောင်းနေမျိုးဇင်လည်း တက်ရောက်တယ်လို့ ပြောပါတယ်။ 

အခုလို ဂုဏ်ပြုအခမ်းအနားကို ရဲဘော်တွေ ကျဆုံးပြီး ၅ လခန့်အမှာ တကြိမ်၊  ပြီးခဲ့တဲ့နှစ် ဩဂုတ် ၉ ရက်က တကြိမ်နဲ့ အခုအကြိမ်အပါ သုံးကြိမ်ကျင်းပခဲ့ပြီး အားလုံးကို ကရင်နီပြည်နယ်ထဲမှာပဲကျင်းပခဲ့တာလို့ ပြောပါတယ်။ ကြိုးကြာနီတပ်ရင်းဟာ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့  တပ်ရင်းတခုဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #ကျဆုံးရဲဘော် #နှစ်နှစ်ပြည့် #ဂုဏ်ပြုအထိမ်းအမှတ် #တပ်ရင်း၇ကြိုးကြာနီတပ်ရင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10