ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူ ချို့တဲ့မိသားစုဝင် ၅ ဦးကို ထောက်ပံ့ဖို့ အကူအညီလိုအပ်နေ

ကျဆုံးရဲဘော်ရဲ့ ကျန်ရစ်သူ ချို့တဲ့မိသားစုဝင် ၅ ဦးကို ထောက်ပံ့ဖို့ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုတပ်ရင်း ၅၊ တပ်စု ၃၊ ကြောင်ရိုင်းရွှေဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျဆုံးရဲဘော် ၁ ဦးရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ထောက်ပံ့ပေးဖို့အတွက် အကူအညီ လိုအပ်နေတယ်လို့ အဲ့ဒီတပ်ဖွဲ့ထံက သိရပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ဇီးဖြူကုန်းကျေးရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကိုတိုက်ခိုက်ရာမှာ အသက် ၂၆ နှစ်အရွယ်ရှိ ရဲဘော်မှုံကြီး ဆိုသူမှာ ဦးခေါင်းထိမှန်ကျဆုံးခဲ့တာဖြစ်ပြီး ကျန်ရစ်သူမိသားစုဝင်တွေကို ထောက်ပံ့ပေးဖို့အတွက် အကူအညီလိုအပ်နေတယ်လို့ ဆိုပါတယ်။

"ရဲဘော်ရဲ့မိသားစုကို မထောက်ပံ့နိုင်သေးပါဘူး။ သူတို့က လက်လုပ်လက်စားတွေဆိုတော့ ချို့တဲ့ကြတယ်။ ထောက်ပံ့ပေးဖို့ အကူအညီလိုအပ်နေတာပါ" လို့ ကြောင်ရိုင်းတပ်ဖွဲ့ တာဝန်ခံ ပေါက်စီက မြေလတ်အသံကို ပြောပါတယ်။

ရဲဘော်မှုံကြီးဆိုသူမှာ မိသားစုဝင် ၅ ဦးကျန်ရှိနေပြီး မိဘမောင်နှစ်မတွေက လယ်ယာလုပ်ငန်းခွင်မှာ ကောက်စိုက်၊ ပျိုးနှုတ်၊ ပေါင်းလိုက်စတဲ့ ကြုံရာကျပန်း လုပ်ကိုင်နေကြတာဖြစ်လို့ ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ရဲဘော်မှုံကြီးဟာ ကြောင်ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ ၂၀၂၂ ခုနှစ် မေလ ၃ ရက်နေ့က စတင်တာဝန်ထမ်းဆောင်နေတာဖြစ်ပြီး စစ်မြေပြင်တိုက်ခိုက်ရေး သင်တန်းဆင်းရဲဘော်ဖြစ်သလို ကျန်ရဲဘော်တွေကို ကာပစ်ပေးရင်တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်လို့ တာဝန်ခံက ပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဘက်ပစ်ခတ်နေတာဖြစ်လို့ ကျဆုံးရဲဘော်ရဲ့ အလောင်းကိုမကောက်နိုင်ဘဲ၊ရက်လည်ဆွမ်းသွပ် ကုသိုလ်ပြုပေးခဲ့ပြီး၊ ၂ လကျော်အကြာမှာ ကျဆုံးရဲဘော်အတွက်အမှတ်တရ ကျောက်တိုင်ပြုလုပ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အသက် ၂၉ နှစ်အရွယ်ရှိ ရဲဘော်ဗိုလ်မိုးကောင်းဆိုသူမှာလည်း တင်ပါးမှတဆင့် ဝမ်းဗိုက်အတွင်း ကျည်ဆံမှန်ခဲ့လို့ပြင်းထန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ကျဆုံး #တိုက်ပွဲ #ကျန်ရစ်သူမိသားစု #ပြည်သူ့ကာကွယ်ရေး #စစ်ကိုင်းတိုင်း #ရွှေဘို

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10