ကျဆုံးရဲဘော် ၂ ဦးရဲ့ မိသားစုတွေကို YRPA က ဂုဏ်ပြုငွေ ထောက်ပံ့

ကျဆုံးရဲဘော် ၂ ဦးရဲ့ မိသားစုတွေကို YRPA က ဂုဏ်ပြုငွေ ထောက်ပံ့

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသနယ်မြေအတွင်းမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၂ ဦးရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင်၊ အမှတ် ၁၂ တပ်ရင်း  PDF- Gangaw Battalion - YRPA တပ်ဖွဲ့ဆီက သိရပါတယ်။

တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦးစလုံးရဲ့ နာရေးမှာ ကျွေးမွေးဧည့်ခံတာနဲ့ ဆွမ်းသွပ်တရားနာတာတွေကို တပ်ရင်းကပြုလုပ်ပေးခဲ့သလို ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ထောက်ပံ့ငွေတဦးကို ၁၀ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

"တော်လှန်ရေးမှာ ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်ကို လေးစားဦးညွှတ်မိပါတယ်။ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးရတာပါ" လို့ တပ်ခွဲမှူး ဗိုလ်ရဲကြီး က ပြောပါတယ်။

ကျဆုံးခဲ့သူ ၂ ဦးထဲက ၁ ဦးဖြစ်တဲ့ ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ်ရင်း ဒုတပ်စိတ်မှူး သူရဖြိုး ဟာ ၂၀၂၂ ခုနှစ် မတ် ၁၆ ရက်က မြောက်ခင်ရန်းရွာအနီး မိုင်းစစ်ဆင်ရေးပြုလုပ်ရာ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့တာလို့ သိရပါတယ်။

အလားတူ ရဲဘော် ဇော်မင်းထူး ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင် ၈ ရက်မှာ တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့တာဖြစ်တယ်လို့ ဗိုလ်ရဲကြီးက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်က မင်းရွာရဲစခန်းနဲ့ နိုဝင်ဘာ ၄ ရက်မှာ တောင်ခင်ရန်းရဲစခန်းကို မဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်ရာမှာ ဂန့်ဂေါခရိုင် အမှတ် ၁၂ တပ် ရင်း PDF- Gangaw Battalion -YRPA တပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #မကွေးတိုင်း #ဂန့်ဂေါ #ကျဆုံး #ရဲဘော် #YRPA #မဟာမတ် #စစ်ကောင်စီ #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10