ကျဆုံးရဲဘော် ၃ ဦးရဲ့ ၂ နှစ်ပြည့်အမှတ်တရအဖြစ် ဂူဗိမာန်ကိုသွားရောက် ဂါရဝပြု

ကျဆုံးရဲဘော်တွေအတွက်အမှတ်တရဂါရဝပြုအစီစဉ်ကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ အမှတ် ၃၆ တပ်ရင်း တပ်ဖွဲ့ဝင်တွေက ဂူဗိမာန်ကိုချီတက်ကာ အလေးပြုခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးခြင်း ၂ နှစ်ပြည့်အဖြစ် ဇွန်လ ၁၆ ရက်မှာ တပ်ဖွဲ့ဝင်တွေက လွမ်းသူ့ပန်းခွေနဲ့ အမှတ်တရပန်းတွေကို ဂူဗိမာန်မှာချထား အလေးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။

"ရဲဘော် ၃ ဦးက တပြိုင်တည်း ကျဆုံးခဲ့တာပါ။ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ရာမှာ လက်နက်ကြီးနဲ့ ကောင်တာပြန်တာခံရပြီး ထိမှန်တယ်။ ဖမ်းဆီးမိပြီးတော့ အသတ်ခံရတာဖြစ်ပါတယ်" လို့ ခရိုင်တပ်ရင်း ၃၆  တပ်ရေးတာဝန်ခံက ပြောပါတယ်။

ယင်းမာပင်ခရိုင်၊ အမှတ် ၃၆ တပ်ရင်းက ရဲဘော်တွေဖြစ်ကြတဲ့ အောင်သက်ပိုင်ဦး ၁၉ နှစ်၊ မင်းဘိုဘို ၂၂ နှစ်နဲ့ ဟိန်းထက်စိုး ၃၁ နှစ်တို့ဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၅ ရက်တိုက်ပွဲအတွင်း ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျဆုံးရဲဘော် ၃ ဦးကို ရည်စူးပြီး နှစ်စဥ် ဘုန်းကြီးဆွမ်းကပ်၊ တရားနာ၊ ကုသိုလ်ကောင်း မှုတွေ ပြုလုပ်ကာ အမျှပေးဝေခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#စစ်ကိုင်း #ယင်းမာပင် #ကျဆုံးရဲဘော် #ဂူဗိမာန်ပန်းခွေချ #ဂါရဝပြု #PDF တပ်ဖွဲ့ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10