ကျဆုံးသွားတဲ့ ဒုတပ်စိတ်မှူးကို ကောင်းမွန်စွာသဂြိုဟ်ပြီး ဂူဗိမာန်ပြုလုပ်မယ်(ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ Yaw Revolution Army-YRA က ဒုတပ်စိတ်မှူးကို ကောင်းမွန်စွာ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မေလ ၂၁ ရက်မှာ တပ်ဖွဲ့ဝင်ရဲဘော်တွေက သေနတ်ပစ်ဖောက်ဂုဏ်ပြုခဲ့သလို ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကာ အရိုးပြာအိုးကို သိမ်းဆည်းထားပြီး ရဲဘော်အတွက် အမှတ်တရ ဂူဗိမာန်ပြုလုပ်ပေးမယ်လို့ YRA ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက် ည ၁၀ နာရီကျော်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ YRA တပ်ဖွဲ့က အသက် ၂၄ နှစ်အရွယ် ဒုတပ်စိတ်မှူးသက်ခိုင်ကျော်ဆိုသူမှာ လက်နက်ကြီး ကျည်စထိမှန်ကာ ကျဆုံးခဲ့တာလို့ သခင်ဇော်က ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ၂ နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတပ်စိတ်မှူးသက်ခိုင်ကျော်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကိုလည်း တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးထားတယ်လို့ ဆိုပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP

#မြေလတ်အသံ

#မကွေး #ထီးလင်း #ကျဆုံးရဲဘော် #မီးသဂြိုဟ် #YRA တပ်ဖွဲ့ #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10