ကျည်ဆန်စျေးကြီးမြင့်လို့ စျေးသက်သာတဲ့ကျည်ဆန်သုံး သေနတ်တွေ RBDF တပ်ဖွဲ့ကပြင်ဆင်ထုတ်လုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက် Royal Brother Defense Force - RBDF တပ်ဖွဲ့က စျေးနှုန်းသက်သာတဲ့ ကျည်ဆန်ထည့်သုံးလို့ရတဲ့ သေနတ်တွေကို ဖေဖော်ဝါရီလ အစောပိုင်းကာလမှာ ပြင်ဆင်ထုတ်လုပ်နေတယ်လို့ RBDF တပ်ဖွဲ့ဆီက သိရပါတယ်။

၇.၆၂ ကျည်ဆန်သုံး သေနတ်တွေကို ကျည်ဆန်စျေးနှုန်းကြီးမြင့်နေတဲ့အတွက် ၅.၅၆ ကျည်ဆန်နဲ့သုံးစွဲလို့ရမယ့်သေနတ်တွေ ပြင်ဆင်ထုတ်လုပ်နေတာလို့ ဆိုပါတယ်။

" ၇.၆၂ ကျည်ဆန်တတောင့်ကို ၁၃၀၀၀ ကျပ်ပေါက်စျေးရှိတယ်။ ၅.၅၆ ကျည်ဆန် တတောင့်က ၆၅၀၀-၇၀၀၀ ပဲရှိတယ်။စျေးနှုန်းက ထက်ဝက်ကွာတယ်။ကျည်ဆန်ဝယ်ရတာလွယ်တော့ ပြောင်းလဲထုတ်ဖြစ်တာပါ" လို့ RBDF တပ်ဖွဲ့တာဝန်ခံ ကိုရဲကြီးက ပြောပါတယ်။

၅.၅၆ ကျည်ဆန်တွေကို စျေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူရရှိနေသလို စျေးနှုန်းလည်းသက်သာတဲ့အတွက် သေနတ်ပြောင်းလဲထုတ်လုပ်ရာမှာ အားသာချက်ဖြစ်ပြီး ကျည်အိမ်နဲ့ပြောင်းအစိတ်အပိုင်းကို ပြုပြင်ပေးရတယ်လို့ သူကဆက်ပြောပါတယ်။

ပြင်ဆင်ထုတ်လုပ်တဲ့ ၅.၅၆ သေနတ်ကျည်အိမ်က သေးသွယ်ရှည်လျားတဲ့အတွက် ဂရုစိုက်ပြင်ဆင်ရသလို ပေါက်ကွဲအား ပြင်းထန်တဲ့အတွက် ခံနိုင်ရှိအောင် ထုတ်လုပ်ရတယ်လို့ သိရပါတယ်။

သေနတ်ကို ပြောင်းလဲ ပြင်ဆင်ထုတ်လုပ်ရာမှာ ပြောင်းနဲ့ကျည်အိမ် ကုန်ကျစားရိတ်က စျေးကွာခြားမှုမရှိဘဲ သေနတ်တလက်ကို ၂၅ သိန်း ဝန်းကျင်ခန့်သာ ကုန်ကျတယ်လို့ ဆိုပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေမှာ ကိုင်ဆောင်နေတဲ့ ၇.၆၂ ကျည်ဆန်နဲ့ထည့်ပစ်လို့ရတဲ့သေနတ်တွေ ဂျန့်ဖြစ်တာ၊ပျက်စီးတာကိုပဲ ပြုပြင်ပေးရတယ်လို့ သိရပါတယ်။

လက်နက်တွေပြင်ဆင်ထုတ်လုပ်နေတဲ့ အဖွဲ့မှာလည်း စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရ ဥပ ဒေကြောင့် စစ်တပ်ထဲမဝင်လို့သူတွေက Royal Brother Defense Force-RBDF တပ်ခွဲ ၂ ဆီကိုဝင်ရောက်လာတဲ့ ရဲဘော်သစ်တွေရှိနေပြီး လက်နက်တွေ ထပ်မံတပ်ဆင်ပေးဖို့အတွက်လိုအပ်နေတယ်လို့ ဆိုပါတယ်။

ရဲဘော်သစ်တွေကို လက်နက်တပ်ဆင်ပေးဖို့ ထုတ်ရေးပိုင်းမှာလည်း ကုန်ကျစားရိတ်အတွက် ရံပုံငွေနည်းပါနေတာကြောင့် ပြည်သူလူထုအနေနဲ့တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့လည်း RBDF တာဝန်ခံက ပြောဆိုထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မြောင်မြို့နယ် #RBDF #သေနတ် #ကျည်ဆန်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10