ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ထားတဲ့ ၁၆ ဧကရှိ နှမ်းခင်းတွေကို ရိတ်သိမ်း (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်အခြေစိုက် ဗစ်တာ ပြောက်ကျားတပ်ဖွဲ့က ကျည်ဖိုးနဲ့ ရိက္ခာအတွက် စိုက်ပျိုးထားတဲ့ နှမ်းခင်းတွေကို ရိတ်သိမ်းပြီး ပြန်လည်ရောင်းချမယ်လို့ အဲဒီတပ်ဖွဲ့ဆီက သိရပါတယ်။

မြိုင်နယ်ထဲက ဒေသခံမြေတွေကို ခွင့်တောင်းပြီး ၁၆ ဧက ရှိတဲ့ နှမ်းခင်း ၂ ခင်းကို ၂၀၂၄ စက်တင်ဘာလဆန်းပိုင်းလောက်မှာ စိုက်ပျိုးခဲ့တာဖြစ်ပြီး နှမ်းခင်းတွေကို နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာလ ၂ ရက်အထိ ရိတ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ 

ရိတ်သိမ်းပြီး ရလာတဲ့ နှမ်းတွေထဲက တဝက်ကို ကျည်ဝယ်ဖို့နဲ့ ကျန်တဝက်ကိုတော့ တပ်ဖွဲ့ရိက္ခာအတွက် ရောင်းချကာ အသုံးပြုသွားမယ်လို့ ဗစ်တာပြောက်ကျားတပ်ဖွဲ့ တည်ထောင်သူ ကိုဗစ်တာက ပြောပါတယ်။

နှမ်းရိတ်သိမ်းတာကိုတော့ အဖွဲ့က ရဲဘော်တွေနဲ့ ဒေသခံပြည်သူတချို့ကလည်း ကူညီလုပ်အားပေးကြကာ စခန်းမှာ နှမ်းအပြင် ပဲစဉ်းငုံပါ စိုက်ပျိုးထားတယ်လို့လည်း ဆိုပါတယ်။

ဗစ်တာပြောက်ကျားတပ်ဖွဲ့ကို ၂၀၂၄ သြဂုတ် ၂၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပြီး တပ်ဖွဲ့ထဲမှာ ၅၀၅ (က) နဲ့ ပြန်လွတ်လာသူတွေအပါအဝင် တော်လှန်ရေး ကာလအစပိုင်းကတည်းက လက်နက်ကိုင်ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးမှာ ရောက်နေကြတဲ့ ကနီနယ်ခံတွေ  စုပေါင်းဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

ဗစ်တာပြောက်ကျားပူးပေါင်းတပ်ဖွဲ့ဟာ ဒီဇင်ဘာ ၂ ရက်ကလည်း မြိုင်မြို့နယ်၊ ကန်နီပျုစခန်းကို Fixed Wings Drone တွေ နဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြိုင် #ကျည်ဖိုး #ရိက္ခာ #နှမ်းခင်း #ရိတ်သိမ်း #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10