ကျောက်တံခါးမြို့နယ်က အုပ်ချူပ်ရေးမှူးလင်မယားနဲ့ ပျူ  ၂ ဦးကို PDF က ရှင်းလင်း

ကျောက်တံခါးမြို့နယ်က အုပ်ချူပ်ရေးမှူးလင်မယားနဲ့ ပျူ  ၂ ဦးကို PDF က ရှင်းလင်း

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲက အုပ်ချုပ်ရေးမှူးလင်မယားနဲ့ ပျူစောထီးဆိုသူ ၂ ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်ရှင်းလင်းရာ WY ဆေးပြားနဲ့ စိတ်ကြွဆေးပြားတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သာယာဝတီ ခရိုင် PDF တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ (ကြို့ပင်ကောက်)က သတင်းထုတ်ပြန်ထားပါတယ်။ 


ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း ၈ မိုင်ရွာအုပ်ချုပ်ရေးမှူး အသက် ၄၀ နှစ်အရွယ်ဝန်းကျင် ကိုအေးလှိုင်နဲ့ ဇနီး မချောစုတို့ကို အောက်တိုဘာ ၁၆ ရက်နဲ့ ဖဒိုမြို့က ပျူစောထီးဆိုသူ အသက် ၃၀ နှစ်အရွယ် ကိုအောင်အောင်နဲ့ ဆယ့်လေးရွာက အသက် ၂၀ ကျော်အရွယ် ကိုထက်ဝေယံကျော်တို့ကို အောက်တိုဘာ ၁၄ ရက်က သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရိုးမဖြတ်ကျော်လမ်းမှာ ဆိုင်ကယ်နဲ့သွားနေကြတာကို သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

အုပ်ကြီးလင်မယားနဲ့ ပျူစောထီး ၂ ယောက်က စစ်ကောင်စီရဲ့သတင်းပေးတွေ။ သေချာသတင်းယူပြီးမှ ရှင်းလင်းခဲ့တာပါ။ ပျူစောထီးတွေကို ရှင်းတဲ့နေရာနဲ့ အုပ်ကြီးကိုရှင်းတဲ့နေရာက သိပ်မဝေးဘူး။ ပွဲချင်းပြီးပဲ” လို့ HERO ပြောက်ကျားတပ်ဖွဲ့က တာဝန်ရှိသူ ကိုမိုးကြိုးက ပြောပါတယ်။ 


ပျူစောထီးဆိုသူ  ၂ ဦးနဲ့ အုပ်ချုပ်ရေးမှူးလင်မယားဟာ အမြဲလို ဆက်သွယ်မှုရှိပြီး PDF တွေရဲ့ သတင်းကို အမြဲလိုထောက်လှမ်းပြီး စစ်ကောင်စီကိုသတင်းပေးနေသူတွေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။


ပစ်ခတ်ရှင်းလင်းအပြီး ကိုအောင်အောင်နဲ့ ကိုထက်ဝေယံကျော်တို့ဆီက လော်ဂျာဆိုင်ကယ် ၁ စီး၊ OPPO ဖုန်း ၁ လုံး၊ WY ဆေး ၅၁ ပြား၊ စိတ်ကြွဆေး ၂ ကပ်၊ ငွေသား ၇၅၀၀ ကျပ်နဲ့ အုပ်ချုပ်ရေးမှူး လင်မယားဆီကနေ Mitel ဖုန်းတလုံး၊ Teclo ဖုန်းတလုံးနဲ့ vivo ဖုန်းတလုံးအပြင် WY ဆေးပြား ၅၀ ပြား၊ စိတ်ကြွဆေး ၂ ကပ်နဲ့ ငွေသား ၁၀၅၀၀ ကျပ်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။  

ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုဇော်ဝမ်းကိုလည်း သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၄ က ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်။  

ပုံစာ - ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးဆိုသူနဲ့ အုပ်ချုပ်ရေးမှူး လင်မယား။

စာတည်း - လင်းဇေ

 #မြေလတ်အသံ

#ပဲခူးတိုင်း  #ကျောက်တံခါးမြို့  #အုပ်ချုပ်ရေးမှူး #ပျူစောထီး  #WY ဆေးပြား #PDF #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10