ကျောက်ထုက တိုက်ပွဲမှာ စစ်သား ၁၀ ဦးသေပြီး PDF ၂ ဦးဒဏ်ရာရ

ကျောက်ထုက တိုက်ပွဲမှာ စစ်သား ၁၀ ဦးသေပြီး PDF ၂ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေပြီး ဒဏ်ရာရသူတွေ များတယ်လို့ YDF ဆီက သိရပါတယ်။

ကျောက်ထုမြို့နယ်၊ စံရွာ အနောက်တောင်ကြောမှာ မတ်လ ၃၀ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန် အင်အား ၁၃၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့ တို့ ၂ ဘက် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြတာ ဖြစ်တယ်လို့ ယောကာကွယ်ရေးတပ်ဖွဲ့ YDF တာဝန်ခံက ပြောပါတယ်။


"တိုက်ပွဲဖြစ်တာ ၂ နာရီလောက်ကြာမယ်။ စစ်သား ၁၀ ဦး သေတယ်။ ဒဏ်ရာရတဲ့သူလည်းများတယ်။ ဝါးနှစ်ရိုက်အကွာလောက်ပဲ ဝေးတော့ အတိုင်းသား မြင်နေရတယ်။ ကျနော်တို့ဘက်က ၂ ယောက် ဒဏ်ရာရတယ်" လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ သီခြားအတည်မပြုနိုင်သေးပေမယ့် အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာလို့ နေ့လယ် ၃ နာရီခွဲလောက်မှာ လေယာဉ်ပစ်ကူပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ယောကာကွယ်ရေးတပ် YDF၊ CDF Mindat၊ ကျောက်ထု PDF တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စာတည်း - ဇို
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10