ကျောက်ထုတပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ လူနေအိမ်တချို့ ထိမှန်ပျက်စီး

ကျောက်ထုတပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ လူနေအိမ်တချို့ ထိမှန်ပျက်စီး

မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာကြောင့် လူနေအိမ်တချို့ ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေဟာ ထိတွေ့ပစ်ခတ်မှု မရှိဘဲ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တေးကျေးရွာထဲကို ကျရောက် ပေါက်ကွဲသွားပြီး အဲဒီရွာက နေအိမ်တချို့ ထိမှန်ပျက်စီးသွားတယ်လို့ ဆောဒေသခံတဦးက ပြောပါတယ်။

ကျောက်ထုတပ် နဲ့ တေးရွာက ခြေလျင်သွားရင် ၄၅ မိနစ်လောက်ဘဲကြာတယ်။  စစ်**တွေကတော့ စိတ်ထင်သလိုပစ်ခတ်နေကြတာ။ အခုလို လက်နက်ကြီးပစ်လို့ တေးကျေးရွာထဲကိုကျတာတော့ ပထမအကြိမ်ပါလို့ သူက ဆိုပါတယ်။

အခုလိုစစ်ကောင်စီတပ်သားတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ ထိခိုက်မှုတစုံတရာ မရှိခဲ့ပေမယ့်လည်း ရွာသားတချို့ကတော့ ကျေးရွာထဲမှာ မနေရဲတော့ဘဲ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။


ဒါ့အပြင် ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ထီးလင်းမြို့ကနေထွက်လာတဲ့ စစ်ကောင်စီတပ်သား ၂၅ ဦးဟာ ထလင်းရွာဘက်ကိုထွက်လာချိန် ရွာတောင်ဘက်လယ်ကွင်းအရောက်မှာ တောင်ယာအလုပ် သွားတဲ့ အနောက်ဘက်ရွာက အမျိုးသမီး ၄ ဦး နဲ့ ထလင်းရွာက အမျိုးသား ၂ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့သူတွေထဲက တလင်းရွာသားအမျိုးသားတဦးက ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ 

အခုလက်ရှိအချိန်ထိ အဆိုပါစစ်ကောင်စီတပ်သားတွေဟာ အနောက်ဘက်ရွာနဲ့ ထလင်းရွာကြားမှာရှိတဲ့ မြင်သာလယ်ကွင်းပြင်မှာ ရှိနေတယ်လို့လည်း ထီးလင်းဒေသခံတဦးက ပြောပါတယ်။ 

ထွက်ပြေးလွှတ်လာတဲ့ကောင်တယောက်ကို သူတို့ကသေရည်သွားဝယ်ခိုင်းတာ။ အဲဒီကောင်လေးက သူတို့ဆီ မပြန်တော့လို့ လွှတ်လာတာ။  သူတို့ဖုန်းတွေကိုလည်း သိမ်းထားလိုက်တယ်။ ကျန်တဲ့ လူ ၅ ယောက်ထဲမှာ အမျိုးသမီး ၄ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်ပြီး ထလင်းရွာသားတယောက်ဘဲ ကျန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

နိုဝင်ဘာ ၇ ရက်ကလည်း ဆောမြို့ပေါ်ကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်ခဲ့လို့ ဓမ္မဆရာတော်သားအဖ ၂ ဦးဟာ လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ဆောမြို့နယ် #ကျောက်ထုမြို့ #အမြောက်တပ် #လက်နက်ကြီး #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10