ကျောက်ရစ်ရဲစခန်းကို PDFတွေ ဝင်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက သြဂုတ် ၃ ရက် ညနေ ၅ နာရီကနေ ည၇ ရီခွဲကျော်အထိ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း MSPDF အဖွဲ့ဆီက သိရပါတယ်။

ကျောက်ရစ်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက RPG ၊ ၆၀ မမ စတဲ့ လက်နက်ကြီး အချက်ရေ ၂၀ ကျော်နဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး ၁၀ ဦီးကျော်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“၃ ဦးသေတယ် ၁၀ ယောက်ကျော် ဒဏ်ရာရတာမှာ ၄ ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ဒီထိခိုက်သေဆုံးမှုကိုတော့ ခိုင်လုံတဲ့ သတင်းအရင်းအမြစ်ကနေ သိရတာပါ။ သူတို့နဲ့ ကျနော်တို့နဲ့က မီတာ ၁၀၀ ကျော်ကျော်လောက်ပဲ ကွာတယ်။ စစ်ကောင်စီဘက်က မင်းတို့ကောင်တွေ သတ္တိရှိရင်တက်ခဲ့ ဆဲဆိုတာတွေကအစ ကြားနေရတယ်။”လို့ MSPDF ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်နေစဉ်အတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုကို မဟာမိတ် ၁၆ ဖွဲ့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး MSPDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်ကလည်း မြောင်မြို့ထဲက မြောင်မြို့ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ ဝန်ထမ်းအိမ်ယာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ကျောက်ရစ်ရဲစခန်း # ပစ်ခတ်မှု #စစ်ကောင်စီ #PDF #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10