ကျောက်ရစ်ရဲစခန်း တိုက်ခိုက်ခံရလို့ စစ်သား ၁ ဦးသေဆုံး(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲမှာရှိတဲ့ ကျောက်ရစ်ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Drone အပါအဝင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပါ သွားရောက်ပစ်ခတ်ခဲ့လို့ စစ်သားတဦးသေဆုံးခဲ့တယ်လို့ Myaung Special People Defence Force(MSPDF) တပ်ဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ကျောက်ရစ်ရဲစခန်းနဲ့ ၁ မိုင်ကျော်လောက်ဝေးတဲ့ နေရာကနေ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က Fixed Wing Drone တွေနဲ့ ပစ်ခတ်ခဲ့သလို၊ Rocket ၁၆ လုံး၊ ၆၀ မမ ၂၅လုံးအပြင်၊ လက်နက်ငယ်တွေနဲ့လည်း သွားရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်သား၁ ဦးသေဆုံးသွားတယ်လို့ MSPDF အဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ပြောပါတယ်။

“အပြန်အလှန် ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ ဒီကောင်တွေဘက်ကတော့ စက်လတ်တို့ လက်နက်ငယ်တို့နဲ့တော့ ပြန်ပစ်ခဲ့တယ်။ သေဆုံးမှုကိုသိရတာက ကျောက်ရစ်**ခြံထဲမှာ စစ်**တကောင်ကို မီးရှို့သင်္ဂြိုဟ်တာကို အတွင်းသတင်းကနေ ရရှိတယ်။” လို့ သူက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် နောက်ဆက်တွဲအခြေနေကို ဆက်လက်စုံစမ်းခဲ့ပေမယ့်လည်း ဒီနေ့အထိ မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် အခြေနေအတိအကျကိုတော့ မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း - MSPDF/MSDFနဲ့ အတူ ၊ မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တပ်ခွဲ(၁) - မြေလတ် PDF၊ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်း - NRDF၊ MBTT၊ မြောင်မြို့နယ်ကျေးရွာ တပ်ပေါင်းစုတို့နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

MSPDF အနေနဲ့ အခုလိုကျောက်ရစ်ရဲစခန်းကို သွားရောက်ပစ်ခတ်တာဟာ ဒရုန်းနဲ့ အကြိမ် ၂၀ ကျော်ရှိပြီ ဖြစ်သလို၊ Rocket အပါအဝင် လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တာဟာ အကြိမ်ရေ ၈ကြိမ် နီးပါးရှိပြီလို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #မကွေး #မြောင် #ကျောက်ရစ်ရဲစခန်း #တိုက်ခိုက် #Drone #လက်နက်ကြီး #ပစ်ခတ် #စစ်ကောင်စီ #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10