ကျေးရွာတွေကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ဗိုလ် ၁ ဦးအပါ ၆ ဦး သေဆုံးဟုဆို

ကျေးရွာတွေကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ဗိုလ် ၁ ဦးအပါ ၆ ဦး သေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ဗိုလ် ၁ ဦးအပါ ၆ ဦး သေဆုံးသွားတယ်လို့ PDF တပ်ဖွဲ့ဝင်ဆီက သိရပါတယ်။

မတ်လ ၅ ရက်နေ့က အင်အား ၃၀၀ ခန့်ပါ စစ်ကောင်စီတပ်တွေဟာ မြောင်မြို့နယ်၊ ချောင်းဆင်းရွာကို စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းခွဲ ဝင်ရောက်ကာ ညအိပ်တပ်စွဲပြီးတဲ့နောက်၊ ၆ ရက်နေ့မနက် ၁၀ နာရီဝန်းကျင်မှာ ရသစ်ရွာကို စစ်ကြောင်းထိုးလာစဉ် ချောင်းဆင်းနဲ့ ရသစ်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


“စစ်ကြောင်းတကြောင်းက ချောင်းဆင်းရွာထဲမှာ ကျန်နေခဲ့တာ။ စစ်ကြောင်း ၂ ကြောင်းက ချောင်းဆင်းရွာနဲ့ ၁ မိုင်အကွာလောက်မှာရှိတဲ့ ရသစ်ရွာဘက်ကို စစ်ကြောင်းထိုး မီးရှို့ဖို့ ထွက်လာတဲ့အချိန် ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။ ဗိုလ်သင်တန်းဆင်း ၁ ယောက်နဲ့ နောက်လိုက် ၅ ယောက် သေတယ်။ ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့ရဲ့ မြေပြင်သတင်းပေးသူတွေ ပြောကြားချက်တွေ တခြားကင်းထောက်အဖွဲ့တွေဆီက သိရတာပါ” လို့ MN PDF Myitnge တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီစစ်ကြောင်းတွေဟာ ရသစ်ရွာထဲကို ဝင်ရောက်သွားခဲ့ကာ နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး မတ်လ ၇ ရက်နေ့ မနက် ၆ နာရီလောက်မှာ နဂါးပေါက်ရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးပြီး လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်း ၃ ကြောင်းဟာ နဂါးပေါက်ရွာကနေ လမ်းရိုးတလျှောက် ထွက်ခွာသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း၊ MNPDF Myitnge၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)၊ ဗိုလ်တစ်ထောင်ငမိုးပြောက်ကျားတပ်ဖွဲ့၊ Maung Special People Defence Force (MS PDF) မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10