ကျွန်းလှနယ်က စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ကျောင်းဆင်းထားလို့ ကလေးများ အသက်ဘေးက လွတ်မြောက်

ကျွန်းလှနယ်က စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ကျောင်းဆင်းထားလို့ ကလေးများ အသက်ဘေးက လွတ်မြောက်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ရွာကုန်းကြီးရွာစာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

ဇွန် ၁၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီ‌ကျော်လောက်မှာ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ လေယာဉ်တစီးဟာ ရွာကုန်းကြီးရွာ စာသင်ကျောင်းဝန်းနဲ့ ဘောလုံးကွင်းထဲကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းကို ဗုံးသီး ၁ လုံး ထိမှန်ပျက်စီးသွားပြီး ကျန် ၁ လုံးကတော့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

လေယာဉ်တက်လာတဲ့သတင်းကြားရလို့ ကလေးတွေကို ကျောင်းပေးဆင်းလိုက်တဲ့အတွက် ကျောင်းသူ၊ ကျောင်းသားတွေ အသက်ဘေးက လွတ်မြောက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

" ကျောင်းသားတွေက တယောက်မှ မထိလိုက်ဘူး။ ကျောင်းဆင်းပြီး ၅ မိနစ်လောက်မှာ လာကြဲသွားတာ။ ကျောင်းကတော့ ရစရာမရှိတော့ဘူး။ လေယာဉ်သတင်းကြားကတည်းက ကလေးတွေကို အကုန်ပေးပြန် လိုက်တာ" လို့ ကျွန်းလှဒေသခံက ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရတဲ့စာသင်ကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်ပေးထားတဲ့ကျောင်းဖြစ်ပြီး အဆိုပါကျောင်းဟာ Grade 12 အထိရှိတယ်လို့လည်း သိရပါတယ်။

အခုလက်ရှိ အချိန်မှာတော့ ရွာကုန်းကြီးရွာက ဒေသခံတွေဟာ ကျေးရွာထဲမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်း ရှောင်နေကြတယ်လို့ ဆိုပါတယ်။ 

ရွာကုန်းကြီးရွာဟာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်ခံရတာ အခုအကြိမ်က ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါ တယ်။ 

စာတည်း -လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကျွန်းလှမြို့နယ် #ရွာကုန်းကြီး #စာသင်ကျောင်း #လေကြောင်းတိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10