ကျွန်းလှမြို့ပေါ် နေထိုင်သူတွေကို စစ်သားနဲ့ပျူတွေက ဖိအားပေးကင်းစောင့်ခိုင်းနေ

ကျွန်းလှမြို့ပေါ် နေထိုင်သူတွေကို စစ်သားနဲ့ပျူတွေက ဖိအားပေးကင်းစောင့်ခိုင်းနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ် ရပ်ကွက်တွေက ဒေသခံတွေကို စစ်သားနဲ့ပျူစောထီးတွေက ဖိအားပေးပြီး ကင်းစောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

အခု မတ်လအစောပိုင်းက စတင်ကာ ပိတောက်မြိုင်၊ ပျဉ်းမမြိုင်၊ အင်ကြင်းမြိုင်၊ သစ်ရာမြိုင်၊ သပြေမြိုင်၊ သူဌေးကုန်း စတဲ့ရပ်ကွက်တွေမှာ ဆယ်အိမ်စုတစုလျှင် ၁ ဦးနှုန်းနဲ့ မြို့အဝင်အထွက် ဂိတ်တွေမှာ ကင်းစောင့်ဖို့ ဖိအားပေးနေတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။


“တချို့ရပ်ကွက်တွေ ကင်းစပြီး စောင့်နေရပါပြီ။ ပြီးခဲ့တဲ့မတ်လ ၂ ရက်နေ့ကစပြီး ကင်းစောင့်နေရတယ်။ အခုလို ကင်းစောင့်ဖို့ကိုလည်း ကျွန်းလှမြို့ပေါ်မှာက အုပ်ချုပ်ရေးမှူးတွေ၊ ပျူစောထီးတွေကပဲ ကင်းစောင့်ဖို့ကို စီစဉ်ခဲ့တာ။ ကင်းမစောင့်ချင်တဲ့ သူတွေလည်း ရရာပိုက်ဆံတွေချေးပြီး ပေးရတယ်” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတဦးက ပြောပါတယ်။

ကင်းမစောင့်တဲ့အိမ်တွေကိုလည်း တအိမ်ကို ၁ သောင်းနှုန်းတောင်းတယ်လို့ သိရကာ၊ မတ်လ ၁၃ ရက်မနေ့ကလည်း ကျွန်းလှမြို့ပေါ်က ရပ်ကွက်သစ်ဖြစ်တဲ့ သူဌေးကုန်းရပ်ကွက်က ဒေသခံတွေကို ပျူစောထီးအဖွဲ့တွေက ကင်းစောင့်ဖို့အတွက် အစည်းအဝေးခေါ်ဖိအားပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်သားနဲ့ ပျူစောထီးတွေဟာ ကျွန်းလှမြို့ အဝင်၊ အထွက်တွေမှာ ဂိတ်တွေဆောက်လုပ်ထားပြီး စျေးရောင်းစျေးဝယ်လာတဲ့ ပြည်သူတွေဆီကနေလည်း ငွေကြေးတောင်းခံတာတွေ ပြုလုပ်လေ့ရှိနေတယ်လို့လည်း သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10