ကြို့ပင်ကောက်က ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ကြို့ပင်ကောက်က ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်မှာ အောက်တိုဘာလ ၂၆ ရက် မနေ့နေ့လယ် ၁ နာရီလောက်က ကျောင်းသားလူငယ်တွေဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နဲ့ အ.ထ.က ကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ တို့ပူးပေါင်းကာ ကြို့ပင်ကောက်မြို့နယ် တနေရာတွင် "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့" စာသားပါဘန်နာကို ချိတ်ဆွဲခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်းမှာ ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမှုကို ကြို့ပင်ကောက်တမြို့နယ်ထဲမှာသာ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)နဲ့ လူ့ဘောင်သစ်လူငယ် (YNS) တို့ ပူးပေါင်းပြီး  "တပ်ပေါင်းစုနဲ့အတူချီတက် စစ်သုံးစစ်ကိုအမြစ်ဖြတ်" ဆိုတဲ့ ဘန်နာချိတ်ဆွဲကာ စစ်အဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါသေးတယ်။

ဓါတ်ပုံ - ကြို့ပင်ကောက်မြို့နယ်စစ်အာဏာရှင်ဆန့်ကျင်ရေးစာတန်းကိုတွေ့ရစဥ်။

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #အာဏာရှင်ဆန့်ကျင်ရေး #ကျောင်းသားများသမဂ္ဂ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10