ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

ကြို့ပင်ကောက်က ပျူစောထီးဆိုသူ အသတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ပျူစောထီးဆိုသူကို သေနတ်နဲ့ ပစ်ပြီး ရှင်းလင်းခဲ့ တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၁ Dragon Brothers (GBK-PDF)က သတင်းထုတ် ပြန်ထားပါတယ်။ 

ပျူစောထီးလို့ လူသိများတဲ့ ကြို့ပင်ကောက်မြို့အရှေ့ဘက် ဝိုင်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ် ကိုမင်းမင်းဟာ ဇန်နဝါရီ ၁၀ ရက် မနေ့မွန်းလွဲ ၂ နာရီလောက်ကမှာ ကျေးရွာစာသင်ကျောင်းကနေ တဦးတည်းခြေလျင်ပြန်လာချိန် ဂမုန်းချောင်းတံတားထိပ်မှာ သေနတ်နဲ့ပစ်ခတ်ခဲ့တလို့ ဆိုပါတယ်။ 

“နားထင်တချက် ဗိုက်ကိုတချက်ထိပြီး ပွဲချင်းပြီးသေသွားတာပါ။ မနေ့ညနေ ၆ နာရီလောက်က စစ်အုပ်စုနဲ့ မိသားစုက အလောင်းလာကောက်သွားတယ်” လို့ Dragon Brothers (GBK-PDF) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဘိုသီက ပြောပါတယ်။

ကိုမင်းမင်းဟာ စစ်ထွက်တဦးဖြစ်ပြီး ပျူစောထီးတဦးလည်းဖြစ်ကာ စစ်ကောင်စီက လက်နက်ထုတ်ပေးထားပြီး ပြည်သူတွေကိုခြိမ်းခြောက်တာ၊ ရိုက်နှက်စစ်ဆေးတာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ထောက်ပို့သူတွေကို စုံစမ်းသတင်းပေးတာတွေလုပ်ပြီး နယ်မြေကျွမ်းကျင်သူလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ မြောင်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေဦးဆောင်လုပ်နေတဲ့ ဖဲဝိုင်းကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုအဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ကျော်ကိုကို အပါအဝင် ပျူစောထီး ၄ ဦးနဲ့ စစ်သား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူ ကိုမင်းမင်း အလောင်း။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ပျူစောထီး #အသတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10