ကြို့ပင်ကောက်က ပျူစောထီးနဲ့ဆက်နွယ်တယ်ဆိုတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ကြို့ပင်ကောက်က ပျူစောထီးနဲ့ဆက်နွယ်တယ်ဆိုတဲ့ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ပျူစောထီးတွေနဲ့ ဆက်နွယ်တယ်ဆိုတဲ့ အမျိုးသား ၂ ဦးကို ပစ်သတ်ခဲ့တယ်လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆ Black Dragon (GBK PDF)က သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်အပိုင် အေးရွာလေးကျေးရွာမှာနေတဲ့ အသက် ၃၀ နှစ်ကျော်တွေဖြစ်တဲ့ ကိုကျော်သူနဲ့ ကိုအတူးတို့ ၂ ဦးကို အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီခွဲလောက်က ယာတောတနေရာမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။ 

"သူတို့ ၂ ဦးက ယာတောအတွင်း သွားလာနေချိန်မှာ သေနတ်နဲ့ ပစ်ခတ်နိုင်ခဲ့လို့ နေရာမှာပဲ ပွဲချင်းပြီးသေသွားတယ်" လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၆  Black Dragon(GBK PDF) ရဲ့ တပ်ခွဲမှုး ရိုးမနဂါးက  ပြောပါတယ်။

အလောင်းလာသယ်ရင် မိသားစုကို အန္တရာယ်ပြုမှာမဟုတ်ကြောင်း၊ မိသားစုကို ဖုန်းဆက်အကြောင်းကြားပေမယ့် လက်ရှိအချိန်အထိ လာရောက်သယ်သူ မရှိသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။

သူတို့ ၂ ဦးဟာ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာက ပျူစောထီးတွေနဲ့ပတ်သက်နေသလို PDFတွေရဲ့ လှုပ်ရှားမှုလမ်းကြောင်းတွေကို စုံစမ်းသတင်းပို့တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

အောက်တိုဘာ ၂၉ ရက်မှာပဲ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်က စစ်ကောင်စီခန့် သရက်နှစ်ဖျားလိန်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုမြင့်ကျော်လည်း အုတ်ဖိုမြေအောက်ပြောက်ကျားတပ်ဖွဲ့က ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ - သေဆုံးသူနှစ်ဦး၏အလောင်းများ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီခရိုင် #ကြို့ပင်ကောက်မြို့နယ် #ပျူစောထီးတွေ #ဆက်နွယ်သူ #ပစ်သတ်ခံရ #PDF #ရိုးမနဂါး #တပ်ရင်း၃၈၀၂ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10