ကြို့ပင်ကောက်နယ်က ဆည်မြောင်းထဲမှာ ဦးခေါင်းဒဏ်ရာနဲ့ အမျိုးသားအလောင်းတွေ့

ကြို့ပင်ကောက်နယ်က ဆည်မြောင်းထဲမှာ ဦးခေါင်းဒဏ်ရာနဲ့ အမျိုးသားအလောင်းတွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ဆည်မြောင်းထဲမှာ ဦးခေါင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းတလောင်းကိုတွေ့ရှိခဲ့တယ်လို့ ကြို့ပင်ကောက်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ကျွန်းကုန်းအုပ်စု၊ သပြုပင်ကျေးရွာအနီးက ဆည်မြောင်းထဲမှာ မတ် ၁၉ ရက် ညနေ ၆ နာရီဝန်းကျင်က အလောင်းကိုတွေ့ရှိခဲ့တာလို့ ပြောပါတယ်။

“ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာ တွေ့ရတယ်။ လူသတ်မှုလား လူသေမှုလားကတော့ မသိရသေးဘူး” လို့  ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

သေဆုံးသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း မသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

အလောင်းလာကြည့်ရာမှာ ရဲတွေနဲ့ ရဲသတင်းပေးတွေလည်းပါလာပြီး အလောင်းကိုတော့ မနေ့ ညနေကပဲ ကြို့ပင်ကောက်ဆေးရုံ ရင်ခွဲရုံကိုသယ်သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ် ရန်ကုန် - ပြည်လမ်းဘေးက ရေကန်ထဲမှာ ရေနစ်သေဆုံးတဲ့ အလောင်းတလောင်း တွေ့ခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ကြို့ပင်ကောက် #ဆည်ဘောင် #အလောင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10