ကြို့ပင်ကောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရ

ကြို့ပင်ကောက်မြို့နယ်က အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို စက်တင်ဘာလ ၂၀ ရက်မနေ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၃ ရဲ့ တပ်ခွဲမှူးဆီက သိရပါတယ်။    

ပစ်ခတ်ခံရသူဟာ အသက် ၆၀ နှစ်အရွယ် မြို့တွင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကြည်စိုး ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက် မနေ့ညနေ ၃ နာရီခွဲလောက်က အလယ်ကုန်းရဲစခန်းနဲ့ မြို့တွင်းရွာကြား လမ်းပေါ်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ 

မြို့တွင်းရွာကနေ အလယ်ကုန်းကိုတယောက်တည်း ဆိုင်ကယ်နဲ့လာတာကိုပစ်တာ။ ဗိုက်ကို ၂ ချက် မှန် တယ်။ သူ့ကိုအလယ်ကုန်းရဲစခန်းက စစ်**တွေက ပြည်၊ ကုတင် ၁၀၀ သယ်သွားတာ" လို့ တပ်ခွဲမှူးက မြေလတ်အသံကို ပြောပါတယ်။

၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၃ က အဆိုပါပစ်ခတ်မှုဖြစ်စဉ်ကို မှတ်တမ်းတင်ထားတဲ့ ရုပ်သံဗီဒီယိုကို ကြည့်ရှု ရာမှာ သေနတ် ၂ ချက်ပစ်ခတ်သံနဲ့အတူ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးရဲ့ "အား"ဆိုတဲ့ အော်သံကို လည်းကြားရပါတယ်။ 

ဦးကြည်စိုးဟာ အလယ်ကုန်းရဲစခန်းအနီးက ပြည်သူ့နေအိမ် ၂ လုံးကို ချိတ်ပိတ်ရာမှာပါဝင်သလို ကျေး ရွာသားတွေအပေါ် ထောက်ခံစာတစောင်ကို ကျပ် ၂ သောင်း တောင်းယူတာတွေလည်းရှိပြီး ပြည်သူတွေ ရဲ့တိုင်ကြားချက်အရ  ၃၈၀၁ တပ်ရင်း တပ်ခွဲ ၃ နတ်စစ်သည်အဖွဲ့  ၂ က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နတ်စစ်သည်အဖွဲ့  ၂ ဟာ ပြီးခဲ့တဲ့ဩဂုတ်လ ၁၈ ရက်က ကြို့ပင်ကောက်မြို့နယ် ပဲခူးရိုးမထဲက နိုင်ငံပိုင်ကျွန်းသစ် ၄ တန်ကျော်ကို စစ်ကောင်စီနဲ့ပေါင်းကာ ခိုးထုတ်လာတဲ့ ဖောကား ၁ စီးကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ကြပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #အုပ်ချုပ်ရေးမှူး #သေနတ်ပစ်ခံရ #သေနတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10