ကြို့ပင်ကောက်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ

ကြို့ပင်ကောက်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ် တနေရာမှာ ဩဂုတ် ၂၀ ရက် မနေ့နေ့လယ်က "တပ်ပေါင်းစုနဲ့အတူချီတက် စစ်သုံးစစ်ကို အမြစ်ဖြတ်” စာတန်းပါဘန်နာကိုချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ကြို့ပင်ကောက်မြို့နယ် လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)နဲ့ လူ့ဘောင်သစ်လူငယ်(YNS)တို့ ပေါင်းကာ ချိတ်ဆွဲခဲ့တာလို့ လှုပ်ရှားမှုပြုလုပ်ခဲ့ရသူများဆီက သိရပါတယ်။

လက်ရှိနွေဦးတော်လှန်ရေး အောင်မြင်ဖို့ အဓိကအကျဆုံး လိုအပ်နေတာဟာ အင်အားစုအစုံပါဝင်တဲ့ ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်ပေါက်ရေးဖြစ်ပြီး  ဒီတပ်ပေါင်းစုကြီးကို အတူတည်ဆောက်ပြီး စစ်သုံးစစ်( စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရက်ယန္တရား)ကို အမြစ်ပြတ်ချေမှုန်းရေးအတွက် အတူတကွ အားစိုက်လုံးပမ်းကြရမှာဖြစ် တယ်လို့ ဆိုပါတယ်။

လှုပ်ရှားမှုမှာ " တပ်ပေါင်းစုနဲ့အတူချီတက် စစ်သုံးစစ်ကို အမြစ်ဖြတ်" ဆိုတဲ့ စာသားပါ ဘန်နာချိတ်ဆွဲတာ၊ လမ်းမပေါ်ဆေးမှုတ်စာရေးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုံစာ - ကြို့ပင်ကောက်မြို့နယ်အတွင်းစစ်အာဏာရှင်ဆန့်ကျင်ရေးလူပ်ရှားမှုပုံရိပ်များ။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #ကြို့ပင်ကောက် #ဗကသ #လူ့ဘောင်သစ်လူငယ် #စစ်သုံးစစ် #လှုပ်ရှားမှု #ဘန်နာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10