ကြို့ပင်ကောက်မြို့နယ်မှာ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

ကြို့ပင်ကောက်မြို့နယ်မှာ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ ဇူလိုင်လ ၂၄ ရက် ဒီကနေ့မနက်အစောပိုင်းက အမျိုးသမီးငယ်တဦးရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့အနောက်ဘက် ၄ မိုင်ခန့်အကွာ သာလှပင်စည်ကျေးရွာက အသက် ၁၈ နှစ်အရွယ် မိန်းကလေးငယ်တဦး ဒီမနက် ၈ နာရီလောက်မှာ နေအိမ်အနောက်ဘက်အနီးကရေကန်မှာ ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။

"သူ့အိမ်ဘေးခြံထဲက ၁၅ ပေပတ်လည်လောက်ပဲရှိတဲ့ ရေကန်ထဲနစ်သေတာ။ သူကတော့ရေမကူးတတ်ဘူး သူ့ အမျိုးသားကအလုပ်သွားတယ်၊ သူ့အဖေကလည်းမြို့ကိုစျေးဝယ်သွားတယ်။ သူ့အမေကလည်းအိမ်မှာဘဲဆိုတော့ သူရေနစ်တာမသိဘူးပေါ့" လို့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူအမျိုးသမီးကို မိခင်ကပြန်မလာလို့ လိုက်ရှာရာက ရေနစ်သေဆုံးတာကို သိရတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကိုတော့ သာလှပင်စည်ကျေးရွာကနေ ကြို့ပင်ကောက်ဆေးရုံရင်ခွဲရုံကို နာရေးကူညီမှုအသင်းကားနဲ့ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၁၈ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကျောင်းကုန်းကျေးရွာက Grade 6 ကျောင်းသား မောင်ကိုကိုထွန်းနဲ့ Grade 3 ကျောင်းသား မောင်ထက်မြက်သူတို့ဆည်မြောင်းဘေးရေအိုင်ထဲ ရေကူးရာက  ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ - ကြို့ပင်ကောက်မြို့နယ်နာရေးကူညီမှုအသင်းကကူးယူဖော်ပြသည်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ရေနစ်သေဆုံးမှု

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10