ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေ

ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေ

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ထဲမှာ နေအိမ်ခြံဝင်းအတွင်းထိ ဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူခံရမှု မကြာခဏဖြစ်ပွားနေတယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့ပေါ် လှည်းတန်းလမ်းနဲ့ ကသည်းတန်းလမ်းက ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်တွေကို ညအချိန်မှာခိုးယူခံရတာလို့ ဆိုပါတယ်။

"နေဝင်းခြံဝန်းထဲမှာထားတဲ့ ဆိုင်ကယ်တွေအခိုးခံရတာပါ။ ညအချိန်ခြံဝန်း တံခါးတွေ သော့တွေကိုဖျက်ဝင်ပြီးခိုးတာပါ။ ခိုးယူခံရတဲ့ဆိုင်ကယ်တွေက အကုန်လုံးယိုးဒယားဘီးတွေပါ။ ကြို့ပင်ကောက်မြို့ပေါ်မှာ ဆိုင်ကယ်သူခိုးတွေ အတင့်ရဲလွန်းနေပါတယ်။ ဒါကကျနော်တိတိကျကျသိတဲ့ ဆိုင်ကယ်ကိုပြောတာ။ ကြို့ပင်ကောက်မှာ နောက်ထပ်ခြံဝန်းထဲမှာ ရပ်ထားရင်းပျောက်တဲ့ ဆိုင်ကယ်စီးရေ မနည်းတော့ဘူး"လို့ မြို့ခံတဦးက ပြောပါတယ်။

ခြံဝန်းအတွင်း ဝင်ရောက်ကာ ဆိုင်ကယ်ခိုးယူမှုတွေအဖြစ် ဇွန် ၂၂ ရက် ညက ကြို့ပင်ကောက်မြို့၊ ကသည်းတန်းလမ်းရှိ Honda125 ကြိုးလိမ်တစီးနဲ့ Wave 100 ၂ စီးကိုခြံဝင်းတံခါးကို ဖျက်ကာခိုးယူသွားတာ ဖြစ်ပါတယ်။

အလားတူဇွန် ၁၀ ရက် ညကလည်း ကြို့ပင်ကောက်မြို့ပေါ် ၊ လှည်းတန်းလမ်းက ပုဂ္ဂလိကဆေးခန်း​ခြံဝန်းထဲမှာ ရပ်ထားတဲ့ Scoopy ဆိုင်ကယ်တစ်စီး၊ Wave100 တစီးနဲ့ Scoopy တစီးခိုးယူခံရပြီး Scoopy ဆိုင်ကယ်ကတော့ စက်နှိုးမရတဲ့အတွက် နေအိမ်ရှေ့နားအနီးမှာပဲ ရပ်ထားခဲ့တဲ့အတွက်Wave100 ဆိုင်ကယ်တစီးသာ ခိုးယူခံလိုက်ရတယ်လို့ ဆိုပါတယ်။

ခြံဝန်းထဲအထိ ဆိုင်ကယ်ဝင်ရောက်ခိုးယူခံရမှုတွေကို သက်ဆိုင်သူတွေက ကြို့ပင်ကောက်ရဲစခန်းကို အသိပေးအကြောင်းထားပေမယ့် ထူခြားမှုမရှိဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ကြို့ပင်ကောက်မြို့ ပြည်သူ့ဆေးရုံမှာလည်း လူနာစောင့်၊ သွေးလှူရှင်နဲ့ လူနာမေးသူတွေရဲ့ဆိုင်ကယ်တွေ မကြာခဏ​ပျောက်ဆုံးမှုရှိပြီး ဇွန်လ ၁၄ ရက်က လူနာစောင့်တဦးရဲ့ဆိုင်ကယ်တစီး ခိုးယူခံခဲ့ရပါသေးတယ်။

ပုံစာ - ကသည်းတန်းလမ်း ဆိုင်ကယ်ခိုးယူခံရမှုဖြစ်စဥ်တွင် ဖျက်ဆီးခံခဲ့ရသည့် ခြံဝန်းတံခါး။

စာတည်း - နွေဦးငြိးချမ်း

 

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီ #ကြို့ပင်ကောက် #ခိုးဆိုးလုနှိုက် #ဆိုင်ကယ် #ခိုးယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10