ကြို့ပင်ကောက်မှာ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရင်း PDF ၄ ဦး ဒဏ်ရာရ

ကြို့ပင်ကောက်မှာ စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ရင်း PDF ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်ထဲကို တပ်ဆုတ်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၅ ရက် မနေ့ညနေ ၅ နာရီခွဲလောက်က တိုက်ခိုက်ချိန် PDF ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ BTZM GBK PDF ရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။ 

နတ်တလင်းမြို့နယ်ထဲကနေ  ကြို့ပင်ကောက်မြို့နယ်၊ ပဲခူးရိုးမတောင်ခြေက ဒေသအခေါ်  သရက်ကျောတန်း တောင်နှစ်လုံးပေါက်တောင်ကို စစ်သားအင်အား ၆၀ ဦးလောက်နဲ့ တက်နေချိန်မှာ BTZM GBK PDFနဲ့ နတ်စစ်သည်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ရာမှာ ဒဏ်ရာရခဲ့တာလို့ ပြောပါတယ်။ 

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ BTZM GBK PDF က ရဲဘော် ၃ ဦးနဲ့ နတ်စစ်သည်အဖွဲ့က ရဲဘော် ၁ ဦး စုစုပေါင်း ၄ ဦးရဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တို့ရဲဘော်တွေ စစ်ကောင်စီက ကောင်တာပြန်တဲ့ လက်နက်ကြီးကျည်စ ထိသွားတာ” လို့  BTZM GBK PDF ရဲ့ တပ်ခွဲမှူး ရဲဘော်တေဇမင်းက အတည်ပြုပြောပါတယ်။

ဒဏ်ရာရသူတွေကို လက်ရှိမှာ ခွဲစိတ်ကုသမှု ပြုလုပ်နေပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သူက ဆက်ပြောပါတယ်။

မတ် ၆ ရက် ဒီနေ့လယ်ပိုင်းအထိ အဆိုပါစစ်ကောင်စီတပ်ဟာ ပဲခူးရိုးမအစပ်က သရေကျော တန်း‌တောင် ဝန်းကျင်မှာပဲ ရှိနေသေးပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူ ရှိမရှိကိုတော့ စုံစမ်းနေတယ်လို့ ဆိုပါတယ်။

BTZM GBK PDF တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ မတ် ၃၁ ရက် ည ၉ နာရီခွဲဝန်းကျင်ကလည်း နတ်စစ်သည်တပ်ဖွဲ့နဲ့ပေါင်းကာ ဇီးကုန်းမြို့နယ်က ပျူစောထီးအားကောင်းတဲ့ ဘော်ဘင်ရွာ ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - BTZM GBK PDF မှ ဒဏ်ရာရရဲဘော်များ။

စာတည်း - လင်း  

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #စစ်ကောင်စီ #PDF တိုက်ခိုက် #ဒဏ်ရာရ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10