ကြို့ပင်ကောက်မှာ စစ်တပ်သတင်းပေး ၃ ဦးရှင်းလင်းခံရပြီး ၅ ဦးဒဏ်ရာရ

ကြို့ပင်ကောက်မှာ စစ်တပ်သတင်းပေး ၃ ဦးရှင်းလင်းခံရပြီး ၅ ဦးဒဏ်ရာရ

ပဲခူတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့၊ အရှေ့တောင်ဘက် ကျေးရွာတရွာက အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ဟာ မတ်လ ၁၃ ရက်မနေ့ည ၁၀ နာရီခွဲလောက်က တိုက်ခိုက်ခံရလို့ သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ရုံးချောင်းအုပ်စု၊ ရုံးချောင်းရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးအပါ ၈ ဦးလောက် စကားပြောနေချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


"ကိုအေးထွန်းက အုပ်ကြီးလည်းဖြစ်သလို ပျူစောထီးခေါင်းဆောင်လည်း ဖြစ်တယ်။ သူတို့အင်အား ၈ ဦးလောက်နဲ့ ရှိနေတာကို ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်ကလည်း တထောင့်ထိုးတူမီးတွေ လက်ပစ်ဗုံးတွေနဲ့ ပြန်ပစ်သေးတယ်ဗျ" လို့ တိုက်ခိုက်ရာမှာ ပါဝင်တဲ့ Black Dragon အဖွဲ့ဝင်တဦးက ပြောပါတယ်။

Black Dragon(GBK PDF)ရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ အုပ်ချုပ်ရေးမှူးပျူစောထီးခေါင်းဆောင် ကိုအေးထွန်းနဲ့ ပျူခေါင်းဆောင် ပါ ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၅ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒေသခံတဦးပြောတာကတော့ ကိုအေးထွန်းရဲ့အလောင်းနဲ့ ဒဏ်ရာရသူ ၂ ဦးကို အဲဒီညကပဲ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းတိုက်နယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် နတ်စစ်သည်တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၂ - Black Dragon(GBK PDF)၊ တပ်ရင်းအမှတ် ၃၈၀၁ တပ်ခွဲ ၅ ဟီးရိုးပြောက်ကျား၊ Yoma - GBK PDF တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်က Black Dragon (GBK PDF)က စစ်တပ်သတင်းပေးနဲ့ ပျူစောထီးခေါင်းဆောင်တွေ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ကြဖို့ သတိပေးထားခဲ့ပါသေးတယ်။

ပုံစာ - ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်း

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10