ကြို့ပင်ကောက်မှာ ပရိုဘောက်နဲ့ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်သမားသေဆုံး

ကြို့ပင်ကောက်မှာ ပရိုဘောက်နဲ့ဆိုင်ကယ်တိုက်မိလို့ ဆိုင်ကယ်သမားသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ စက်တင်ဘာ ၂၃ ရက် ဒီမနက် ၈ နာရီခန့်က ကားနဲ့ဆိုင်ကယ်တိုက်မိရာက ဆိုင်ကယ်သမားသေဆုံးခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ် ရန်ကုန် - ပြည်ကားလမ်း ခုနှစ်ရွာအနီးမှာ ရန်ကုန်ဘက်က မောင်းနှင်လာတဲ့ Probox တက္ကစီကားနဲ့ လမ်းဖြတ်ကူးတဲ့ဆိုင်ကယ်တို့ တိုက်မိတာလို့ဆိုပါတယ်။ 

“ဆိုင်ကယ်ကလမ်းဖြတ်ကူးရင်း ကားကလည်းအရှိန်များပြီး ကားရဲ့ရှေ့ပါးခြမ်းနဲ့ တိုက်မိသွားတာ ဆိုင်ကယ်သမား ပွဲချင်းပြီးသေသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ 

‌ယာဉ်တိုက်မှုကြောင့် ခုနှစ်ရွာမှာနေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဆိုင်ကယ်မောင်းသူအမျိုးသားသေဆုံးခဲ့ပြီး ရုပ်အလောင်းကို မြို့နယ်ပရဟိတအသင်းကားနဲ့ ကြို့ပင်ကောက်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ကာ ပရိုဘောက်ယာဉ်မောင်းကို ကြို့ပင်ကောက်ရဲက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ 

ဇွန်လ ၄ ရက်ညပိုင်းကလည်း ကြို့ပင်ကောက်မြို့နယ် ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းပေါ်မှာ စက်ပျက်လို့ရပ်ထားတဲ့ တွဲကားကိုဝင်တိုက်လို့ ဆိုင်ကယ်မောင်းသူနဲ့ လိုက်ပါသူအပါ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြပါသေးတယ်။

ဓါတ်ပုံ - နာရေးကူညီမှုအသင်း ကြို့ပင်ကောက်မှ ကူးယူဖော်ပြသည်။

စာတည်း- ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ယာဉ်တိုက်မှု #ပြည်လမ်းမ #ပရိုဘောက် #ဆိုင်ကယ်မောင်းသူ #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10