ကြို့ပင်ကောက်မှာ ဗကသနဲ့ လူ့ဘောင်သစ်လူငယ်ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြလုပ်

ကြို့ပင်ကောက်မှာ ဗကသနဲ့ လူ့ဘောင်သစ်လူငယ်ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြလုပ်

ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှာ နိုဝင်ဘာ ၁၃ ရက် မနေ့ည ၇ နာရီလောက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ လူ့ဘောင်သစ်လူငယ်အဖွဲ့ဝင်တဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်းပြီး  "တော်လှန်စစ်မှသည် လူထုလွတ်မြောက်ရေးဆီသို့" စာတန်းပါ လှုံ့ဆော်စာတွေကို မြို့ပေါ်နေရာအချို့မှာ လိုက်လံကပ်ခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီစာမှာ " ယနေ့ပြည်သူလူထုကြီးတရပ်လုံး ခံစားနေကြရတဲ့ ဆင်းရဲဒုက္ခအပေါင်းရဲ့ လက်သည်တရားခံဟာ စစ်အာဏာဏာရှင်စနစ် (စစ်အုပ်စု ၊စစ်ဗျူရိုကရက်ယန္တရား)သာဖြစ်ပါတယ်။ ဒါကြောင့် ဒီအာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ဖျက်ပြီး လူထုတရပ်လုံး လွတ်မြောက်သည်အထိ စုပေါင်းတိုက်ပွဲဝင်သွားကြပါစို့" လို့ ဖော်ပြထားပါတယ်။

တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး လွတ်မြောက်သည်အထိ ဟန်ချက်ညီညီနဲ့ စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ဖျက်ရန် ရည်ရွယ်ပြီး  “တော်လှန်စစ်မှသည် လူထုလွတ်မြောက်ရေးဆီသို့” ခေါင်းစဥ်နဲ့ ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။

ပုံစာ - ကြို့ပင်ကောက်မြို့နယ်က စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုများ။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း  #သာယာဝတီခရိုင်  #ကြို့ပင်ကောက်  #စစ်အာဏာရှင်  #လူ့ဘောင်သစ်  ဗကသများအဖွဲ့ချုပ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10