သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန် - ပြည်လမ်းမှာ ဇွန်လ ၄ ရက် ဒီမနက်အစောပိုင်းက ရပ်ထားတဲ့ကားကိုဝင်တိုက်တဲ့ ဆိုင်ကယ်သမား ၂ ဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာအနီး ရန်ကုန်ဘက်ကိုမျက်နာမူကာ စက်ပျက်လို့ ရပ်ထားတဲ့တွဲကားကို ဒီမနက်အစောပိုင်း ၁ နာရီလောက်မှာ ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
"သူတို့က အလှပြင်လုပ်ငန်းလုပ်ကြတာ၊ ဇီးကုန်းကပြန်လာကြတာမှာ ရပ်ထားတဲ့ကားကို နောက်ဝင်တိုက်မိတာပါ။ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားပါတယ်၊ သူတို့က အရက်နည်းနည်းတော့ သောက်တတ်တယ်"လို့ သေဆုံးသူတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။
သေဆုံးသူတွေဟာ ကြို့ပင်ကောက်မြို့၊ ပြည်တန်းလမ်းက အသက် ၂၃ နှစ်အရွယ် ကိုဆန်းရိူင်းထွဋ်နဲ့ ဦးလူကလေးလမ်းက အသက်၂၆ နှစ်အရွယ် ကိုရိူင်းလင်းထက်တို့ဖြစ်ပြီး၊ သူတို့အလောင်းတွေကို ကြို့ပင်ကောက် ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပရဟိတအသင်းကား ၁ စီးနဲ့ ပို့ဆောင်ခဲ့တယ်လို့ပြောပါတယ်။
ဓါတ်ပုံပါ ဖြစ်စဥ်မှာရပ်ထားတဲ့ကားဟာ လမ်းမအလယ်နီးပါးအထိရောက်နေတာကိုတွေ့ရသလို ကားရဲ့နောက်မှာ သစ်ကိုင်းတချို့ချထားတာကိုတွေ့ရပြီး ဘာကြောင့်ဆိုင်ကယ်က ဝင်တိုက်တယ်၊ ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလ ၁၅ ရက် နေ့လယ်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန် - ပြည်လမ်း ကျွဲဘိရွာအနီးမှာပဲ ပြည်မြို့ဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့Toyota Succed အမျိုးအစား မော်တော်ယာဥ်တစီး အရှိန်လွန်ကာတိမ်းမှောက်ခဲ့လို့ ယာဥ်ပေါ်ပါ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကြို့ပင်ကောက် #ယာဥ်တိုက်မှု #အမျိုးသား ၂ ဦး #သေဆုံး
Share Share Share