ကြို့ပင်ကောက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်

ကြို့ပင်ကောက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြိုပင်ကောက်မြို့မှာ ဧပြီလ ၁၁ ရက် မနေ့နေ့လယ် ၁၂ နာရီလောက်က စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"ဖက်ဆစ်ရွေးကောက်ပွဲသပိတ်မှောက် ဖက်ဒရယ်လမ်းကို ရဲရဲလျှောက်" စာတန်းနဲ့အတူ သွေးမအေးဘူး၊ ဖက်ဒရယ်လမ်းကိုရဲရဲလျှောက်၊ စစ်**နိဂုံး ၂၀၂၃၊ တော်လှန်သင်္ကြန်ဆင်နွှဲကြ စာတန်းတွေကို ရေးဆွဲခဲ့ကြပါတယ်။


"ကျနော်တို့ကျောင်းသားအင်အားစုတွေအနေနဲ့ သွေးမအေးဘဲ ဆက်တော်လှန်နေပါမယ်ဗျ။ ပြည်သူလူထုအနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲကို အသိအမှတ်မပြုဘဲ ဆက်ပြီးသပိတ်မှောက်ပါဝင်ပေးဖို့ ပြောချင်ပါတယ်" လို့ ကြို့ပင်ကောက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တဦးက ပြောပါတယ်။


အဲဒီလှုပ်ရှားမှုကို ကြို့ပင်ကောက်မြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂနဲ့ အထက ကြို့ပင်ကောက်ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းလှုပ်ရှားခဲ့ကြတာလို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10