သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့မှာ မတ်လ ၂၄ ရက် မနေ့ညနေ ၅ နာရီဝန်းကျင်က အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူဟာ ကြို့ပင်ကောက်မြို့ အေဝမ်းဆန်စက်ဝန်းမှာနေတဲ့ အသက် ၃၈ နှစ်အရွယ် ကိုကျော်ဇင်ဦး ဖြစ်ပြီး ကံဦး ၂ လမ်းနဲ့ လှည်းတန်းလမ်းထောင့်က ရေမြောင်းထဲမှာ ရေနစ်သေဆုံးတာလို့ သိရပါတယ်။
"ကိုကျော်ဇင်ဦးက အတက်ရောဂါရှိတယ်။ အရက်ကလည်း သောက်တတ်တယ်။ သူရေနစ်သေဆုံးတဲ့ မြောင်းကလည်း သိပ်ပြီးနက်တာမဟုတ်ဘူး။ သူ့ကံပဲပေါ့" လို့ မြို့ခံတဦးက ပြောပါတယ်။
အလောင်းကို မြို့ခံပရဟိတအသင်းကားနဲ့ ကြို့ပင်ကောက် ပြည်သူ့ဆေးရုံရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
ကြို့ပင်ကောက်မြို့ရှိ ရေနစ်သေဆုံးသူ ၃ ဦးတွင် ပန်းတင် ၂ လမ်းပန်းတင်ရပ်ကွက်က အသက် ၄ နှစ်အရွယ် မမေသက်ချိုနဲ့ မဇင်ပိုပိုချစ်တို့ ၂ ဦးဟာ မတ်လ ၅ ရက်က သူတို့ရပ်ကွက်အနီး ဆည်မြောင်းမှာ ရေနစ်သေဆုံးတာဖြစ်ပြီး မတ်လ ၁၀ ရက်က ရေနစ်သေဆုံးသူ အသက် ၄၅ နှစ်အရွယ် အမျိုးသားကတော့ မြို့လယ်ချောင်းကျေးရွာအနီးက မြို့လယ်ချောင်းမှာ ရေနစ်သေဆုံးခဲ့တာပါ။
ရက်ပေါင်း ၂၀ အတွင်း သေဆုံးသူတွေထဲမှာ အမျိုးသား ၂ ဦးနဲ့ အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးဖြစ်တယ်လို့ ကြို့ပင်ကောက်မြို့နယ် ပရဟိတအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုံစာ - ကိုကျော်ဇင်ဦး ရေနစ်သေဆုံးခဲ့ရာ ရေမြောင်းကိုတွေ့ရစဉ်။
#မြေလတ်အသံ