ကြို့ပင်ကောက်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြိုနယ်မှာ ဒီဇင်ဘာ ၂ ရက်ဒီမနက်က အမျိုးသားတဦး ကြိုးဆွဲချသေဆုံးတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

သေဆုံးသူဟာ ကြို့ပင်ကောက်မြို့နယ်၊ စီကောက်ပင်ကျေးရွာက အသက် ၄၄ နှစ်အရွယ် ကိုမျိုးမြင့်အောင်ဖြစ်ပြီး ဒီမနက် ၁၀ နာရီခွဲလောက်က နေအိမ်ထုတ်တန်းမှာ ကြိုးဆွဲချခဲ့တာလို့ ဆိုပါတယ်။ 

“အရက်ကြောင့် စိတ်ကစဉ့်ကလျားဖြစ်ပြီး ကြိုးဆွဲချသွားတာပါ။ ဇနီးနဲ့ ကလေးတဦးကျန်ခဲ့တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

အလောင်းကို ပရဟိတအသင်းကားနဲ့ ကြို့ပင်ကောက်မြို့ဆေးရုံ ရင်ခွဲရုံကနေ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် မတ် ၂၄ ရက် မနက်ကလည်း ကြို့ပင်ကောက်မြို့နယ်ကြို့ကုန်းရွာက အသက် ၄၃ နှစ်အရွယ် အမျိုးသားတဦးလည်း ရွာထိပ်တံတားရဲ့ အောက်ခံယက္မတန်းမှာ ကြိုးဆွဲချကာ သေဆုံးခဲ့ပါသေးတယ်။

ဓါတ်ပုံ - ကြို့ပင်ကောက်မြို့နယ်နာရေးကူညီမှုအသင်းမှ ကူးယူဖော်ပြသည်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ကြို့ပင်ကောက် #ကြိုးဆွဲချ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10