ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေနစ်သေဆုံး

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ ဧပြီလ ၁၀ ရက် မနေ့ည ၇ နာရီလောက်က အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ တောင်ဘန့်ဘွေးကုန်းရွာက အသက် ၄၁ နှစ်အရွယ် ကိုပိုက်ထွေးဖြစ်ပြီး တန်တရာဆန်စက်အနီးက ဆည်မြောင်းရေထိန်းတံခါးမှာ ရေနစ်သေဆုံးတာလို့ ဆိုပါတယ်။


"အရက်မူးပြီး ရေဆင်းကူးရာကနေ ရေနစ်သွားတာပါ။ ဆည်ရေကလည်း လွှတ်ထားတော့ ရေထိန်းတံခါးဆိုတော့ ရေဆွဲအားလည်း ရှိတယ်။ မူးနေတော့ ရေတံခါးအောက်မှာ ခေါင်းညှပ်ပြီး သေနေတာ" လို့ မြို့ခံတဦးက ပြောပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကြို့ပင်ကောက်နာရေးကူညီမှုအသင်း ဝန်ထမ်းတွေက ဝိုင်းဝန်းဆယ်ယူပြီး ကြို့ပင်ကောက်ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ မတ်လ ၅ ရက်က ကြို့ပင်ကောက်မြို့၊ ပန်းတင် ၂ လမ်း၊ ပန်းတင်ရပ်ကွက်က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦး၊ မတ်လ ၁၀ ရက်မှာ မြို့လယ်ချောင်းရွာက ၄၅ နှစ်အရွယ် အမျိုးသား ၁ ဦး၊ မတ် ၂၄ ရက်မှာ ကြို့ပင်ကောက်မြို့၊ အေဝမ်းဆန်စက်ဝန်းက ၃၈ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ရေနစ်သေဆုံးခဲ့ပါတယ်။

အဲ့ဒီထဲက မတ်လ ၂၄ ရက်မှာ သေဆုံးသူတဦးသာ အတက်ရောဂါနဲ့ ရေမြောင်းအတွင်း ပြုတ်ကျသေဆုံးတာဖြစ်ပြီး ကျန်သူ ၃ ဦးဟာ ရေချိုးဆင်းရာက ရေနစ်သေဆုံးတာလို့ သိရပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10