ကြေးနီတင်ကားတွေကို လုံခြုံရေးယူပေးနေတဲ့စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးစင်တောင်ဝမ်ပေါင်ကုမ္ပဏီက ကြေးနီကားတွေကို မိုင်းဆွဲတိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် လုံခြုံရေးကင်းယူပေးတဲ့ စစ်သားတွေကို ဇွန် ၂၅ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special Forces 11-PDF တပ်ဖွဲ့ဆီက သိရပါတယ်။

ကြေးနီသယ်ဆောင်လာတဲ့ ကားတွေလာနေချိန် မနက် ၉ နာရီခွဲခန့်မှာ ချောင်းဦးမြပုလဲဂိတ်က လုံခြုံရေးလာယူပေးတဲ့ စစ်သားတွေ မိုင်းကွင်းရှေ့မှာ ရောက်ရှိနေချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Special Forces 11-PDFတပ်ဖွဲ့ တာဝန်ခံ မောင်ပီကေ ကပြောပါတယ်။

ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၂ ယောက်ရပ်နေတဲ့နေရမှာပဲ လဲကျသေဆုံးသွားခဲ့ကာ ၃ ဦးကတော့ ဒဏ်ရာရာတာကို မျက်မြင်တွေ့ရှိခဲ့သူရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အဲ့ဒီလို မိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်သားတွေဘက်က လက်နက်ငယ်တွေ ပြန်လည်ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်မှုကို Special Forces 11-PDFတပ်ဖွဲ့ နဲ့ Monywa Dynamite-STF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်ကလည်း မုံရွာမြိုနယ်မှ ကြေးနီတင်ဆောင်လာတဲ့ ကား ၁၇ စီးပါယာဥ်တန်းကို မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ယာဥ်မောင်း ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ကြေးစင်တောင်ဝမ်ပေါင် #စစ်သား #မိုင်းဆွဲတိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10