ကြေးနီသယ်ကားတွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ် Drone နဲ့တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်မှုတွေရှိ (ရုပ်/သံ)

မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္ထုတွင်းကနေ မန္တလေးကိုကြေးနီသယ်နေတဲ့ကားတွေအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီဂိတ်ရှိ တပ်သားတွေကို ဇူလိုင် ၁၉ ရက်က မြင်းမူနဲ့ချောင်းဦးကြားမှာ PDF တွေ ပူးပေါင်းပြီး Drone ၃ စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမြို့နဲ့ ချောင်းဦးမြို့ကြား မန္တလေး-မုံရွာ လမ်းပေါ်မှာရှိတဲ့ ကျော် ဆီဆိုင်နဲ့  Max ဆီဆိုင်တို့မှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ဇူလိုင် ၁၉ ရက် ညနေ ၅ နာရီခန့်မှာ PDF ပူပေါင်းတပ်ဖွဲ့တွေက Shar Htoo Waw နည်းပညာ Fixed Wings Drone ၃ စီးနဲ့ drop bomb ၁၂ လုံး ကြဲချခဲ့တာလို့ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရခဲ့တာကို စစ်ကောင််စီ တပ်တွင်းသတင်းအရ သိခဲ့ရတယ်လို့ Peacock Drone Team ရဲ့ တာ၀န်ခံ ရာစုက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြင်းမူနယ်က ဆီဆိုင်အချို့ပိတ်သိမ်းထားရပြီး အဲဒီနေရာတွေမှာ စစ်ကောင်စီကနေရာယူဂိတ်ချကာ ကြေးနီသယ်ကားတွေ ဖြတ်သန်းသွားကြတဲ့အချိန်တွေမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မူကို PEACOCK Drone Team-Myaung၊Standard Revolution Force SRF-MMU ၊National Security Force NSF SGG ၊Dog Killer People Defense Force နဲ့မြင်းမူမြို့နယ် ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ 

#ကြေးနီသယ်ကား #လုံခြုံရေး #စစ်ကောင်စီဂိတ် #Drone #တိုက်ခိုက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10