ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူရပ်တည်နေရတဲ့ စစ်ရှောင်စခန်း (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အနီးမှာ ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်းတခုဟာ နေ့စဉ် အလှူရှင်မရှိတာကြောင့် ကြွေးဟောင်းဆပ်ပြီး ကြွေးသစ်ယူကာ ရပ်တည်နေရတယ်လို့ ရန်ပုံငွေရှာကူညီဆောင်ရွက်ပေးနေတဲ့ Mission 21 - Magwe နဲ့  မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတာဝန်ခံ အမိုး ကပြောပါတယ်။

စစ်ရှောင်တွေဟာ စလင်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာကဖြစ်ပြီး သူတို့ရွာကို  ပြီးခဲ့တဲ့နှစ် မတ် ၃၀ ရက်ကစကာ  စစ်တပ်က ၂ ကြိမ်တိုင် မီးရှို့လို့  ရွာလုံးကျွတ်မီးလောင်ခံရပြီး ရောက်ရှိလာသူတွေလို့ ဆိုပါတယ်။

လက်ရှိမှာ အိမ်ထောင်စု ၁၁၃ စုရှိပြီး ကလေးငယ် ၁၄၀ ဦးအပါ လူဦးရေ ၄၀၀ ဝန်းကျင်ရှိတယ်လို့ ပြောပါတယ်။

အဲဒီစစ်ရှောင်စခန်းကို ဆက်သွယ်လှူဒါန်းလိုပါက “ကင်မွန်းခြုံ စစ်ရှောင်စခန်း - စလင်းမြို့နယ်” လူမှုကွန်ယက် စာမျက်နှာကနေ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #စလင်း #ကင်မွန်းခြုံရွာ #စစ်ရှောင် #ကူညီထောက်ပံ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10